3.18

6K 773 1
                                    

Zawgyi

ပြန်လာခဲ့ပြီးနောက် ရေး ကသူတို့အတွက် ဘာတွေလုပ်ပေးခဲ့လဲဆိုတာ ဗစ်တာ နားလည်သွားသည်။ သူက ဘဲလက်မိသားစုကို ဖျက်ဆီးဖို့ အစီစဉ်ချပြီးသား ဖြစ်သော်လည်း ရေး ကသူ့ကို ထိုးနှက်ခဲ့သည်။ သူ မရူးသွပ်ဘူး၊ ရိုးရိုးသားသား ပြောရရင် အဲ့ဒါက သူ့ရဲ့အလုပ်ကို ပိုပြီး လွယ်ကူသွားစေတယ်။ နောက်ပြီး အဲ့ဒါကြောင့် သူ မာ့ခ် နဲ့အတူတူ အချိန်ပိုပြီး ကုန်ဆုံးနိုင်တယ်။

“ခန၊ ရေး ကအဲ့ဒါ လုပ်ခဲ့တယ်? ဒါပေမဲ့ သူ ဒီနေ့ ပြန်သွားရင် ကိုး ကသူ့ကို ဘာလုပ်မလဲဆိုတာ မသိနိုင်ဘူးလေ?” လူစီးယပ် က သူ့အဖေရဲ့ စကားကို ကြားပြီး သူ့မျက်လုံးတွေက ပြူးသွားကာ သူ့ရဲ့ စိုးရိမ်နေတဲ့အသံကို ဖုံးကွယ်မထားနိုင်ပေ။ အယ်လန် ကသူ့ဖုန်းကို ကြည့်လိုက်ပြီး စာကို ထပ်ပြီး ဖတ်လိုက်သည်။

“ငါမသိဘူး။ ငါတို့ လှုပ်ရှားဖို့ အချိန်မှီအောင် သူအချိန်ဆွဲထားပေးမယ်လို့ပဲ ပြောထားတယ်” ထို့နောက် သူ့မျက်လုံးတွေက လူစီးယပ် ဆီကို ပြန်ကြည့်လိုက်သည်။

“မင်း ဘယ်လို ပြန်ပေးဆွဲခံရတယ်၊ ဘာကြောင့် ပြန်ပေးဆွဲခံရတယ်၊ ရေး နဲ့ လူစီးယပ် နေထိုင်နေစဉ်မှာ ဘယ်လို ရှာတွေ့လဲ ဆိုတာကို တိတိကျကျ သိချင်တယ်။ ဗစ်တာ မာ့ခ် ကိုရဲတိုက်ကို ခေါ်လိုက်၊ ငါ မင်းရဲ့ ကောင်လေးကို တွေ့ဖို့ လိုတယ်၊ နောက်ပြီး ငါ့အတွက် အလုပ်လုပ်ပေးဖို့လဲ လိုတယ်”

ဗစ်တာ သူ့ပါးစပ်ကို ဖွင့်ပြီး ပြန်ချေပဖို့ လုပ်လိုက်ပေမဲ့ သူပါးစပ် ပိတ်နေတာက ပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်သည်။ အယ်လန် ပြောလိုက်တဲ့ စကားတွေက မင်းရဲ့ နှောင့်ယှက်တဲ့ ညီငယ်လေးက မင်းစကားတွေကို ကူးချပြီး စိတ်ဒုက္ခပေးလိုက်သလိုမျိုး ပြောလိုက်ခြင်းဖြစ်သည်။

“ဟုတ်ကဲ့၊ အဖေ” ဗစ်တာ ပြန်ပြောလိုက်ပြီ သူ့အတွေးတွေကို မြန်မြန် အဆုံးသတ်လိုက်သည်။ လူစီးယပ် ကစိတ်ရှုပ်ထွေးသွားပုံပေါ်သည်။

“ခနလေး ကျွန်တော် ပြန်ပေးဆွဲခံရတဲ့ အချိန်မှာ မင်းက ရည်းစားရသွားတယ်။ သူ့က မာ့ခ် အယ်လ်ဖာ။ ကျွန်တော် သူ့ကို ချစ်တာလို့ ထင်တာကြောင့် အစ်ကို ကျွန်တော့်ကို ဟာသလုပ်နေတာလား?” ဗစ်တာ လူစီးယပ် ရဲ့အကြည့်ကို ရှောင်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now