7.2

2.7K 397 4
                                    

Unicode

မသိရပဲ လုဖန်မိန် ရဲ့နှလုံးသားက ရုတ်တရက် နာကျင်သွားသည်။ သူ့မြေခွေးပုံစံနဲ့သာ အသံတွေအနားကို တိုးသွားလိုက်သည်။ လူတစ်‌ေယာက်က တခြားတစ်‌ေယာက်ကို ထိန်းကိုင်ထားပြီး သူတို့အနောက်က နှင်းတွေက နီရဲနေသည်။ ထိုပုံရိပ်က ဝေဝါးနေပေမဲ့ ထိုလူက ဘယ်သူဆိုတာကို လုဖန်မိန် မြင်နိုင်ဖို့ လုံလောက်သည်။ ဒီလူက သူချစ်မြတ်နိုးရသူ ဖြစ်သော်လည်း ဒီကမ္ဘာတွင် လုဖန်မိန် သည်သူ့တာဝန်တွေကို ပြီးမြောက်‌ေအာင် လုပ်ဆောင်ရန် လိုအပ်တာကြောင့် ဒီလူနှင့် အတူနေနိုင်မည့် အခွင့်ရေးရှိမရှိကိုပင် သူ မသိပေ။

လုဖန်မိန် ရဲ့ခြေ‌ေတွက ရွေ့သွားတာ နှေးကွေ‌းနေပေမဲ့ တဲတွေဆင်ထားတာကို မြင်လိုက်ရသည်။ သိပ်မများပဲ နည်းနည်းသာရှိပေမဲ့ စစ်သားအယောက် ငါးဆယ်လောက်ဆန့်သည့် နေအိမ်နီးပါးကြီးသည်။ ဒီလို‌ေလျှာ‌ေစာက်တောင်တွင် စစ်သားငါးဆယ်လောက် နေထိုင်တာက အရဲစွန့်လွန်းသည်။

လုဖန်မိန် ကအနည်းငယ် တွန့်ဆုတ်နေ‌ေပမဲ့ အနီးကို ပိုပိုပြီး တိုးသွားခဲ့သည်။ လူတွေက အကြီးဆုံးတဲထဲကို အလျင်အမြန် ဝင်သွားကြပြီး အသံတွေကိုတောင် ကြားနိုင်သည်။ လုဖန်မိန် အနားတွင် ဘယ်သူမှ မရှိတာကြောင့် ဘာတွေဖြစ်နေလဲဆိုတာကို နားထောင်နေခဲ့သည်။

"ဘာတွေဖြစ်ခဲ့တာလဲ? ဗိုလ်ချုပ်ကြီးက အမြဲတမ်း ဂရုစိုက်ပြီး ဒဏ်ရာရတာ ရှားပါတယ်။ ဒီ‌ေန့က အကြီးအကျယ် ဒဏ်ရာရခဲ့တာ ပထမဆုံးအကြိမ်ပဲ"

"အဲ့ဒါ ကျွန်‌ေတာ့်အမှားပါ။ ကျွန်တော်တို့ကို တခြားတောင်ပေါ်မှာရှိတဲ့ လူရမ်းကားအုပ်တွေက ချုံခိုတိုက်ခိုက်ခဲ့တယ်။ ကျွန်‌ေတာ်က အာရုံစိုက်ပြီး ဂရုစိုက်မှု နည်းပါးခဲ့လို့ ဗိုလ်ချုပ်ကြီးက တိုက်ခိုက်ခံခဲ့ရတယ်"

လုဖန်မိန် ရဲ့နားရွက်တွေက လှုပ်သွားပေမဲ့ သူ့ချစ်သူဖြစ်သည့် ဗိုလ်ချုပ်ကြီးအား သူဘာမှ ကူညီမပေးနိုင်ပေ။ သူ့အား ဘယ်အကြောင်းအရာကိုမှ မပေးခဲ့ပေ။ ဒီကမ္ဘာက အရင်ကမ္ဘာတွေထက် အတော်လေး ကွာခြားပြီး ခက်ခဲကာ အကန့်အသတ်ရှိသည်။ သူအသုံးမကျဘူးလို့ ခံစားရတာ ဒါက ပထမဆုံးအကြိမ်ပင်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now