7.24

1.1K 163 9
                                    


231 B.C မိုမင်းဆက်အတွင်း သုံးလရောက်လာပြီး နွေရာသီက ရောက်လာခဲ့ကာ မင်းသားယွဲ့၊ မိုရှန်းရုံ၊ အရင်ဧကရာဇ်နဲ့ တော်ဝင်ကြင်ယာတော် ချီဟွားချင်း တို့ရဲ့ တတိယသားတော်က မယ်တော်ကြီး ပိုင်ရွှေရှင်း ရဲ့သားတော်၊ ဧကရာဇ် မိုချောရီ ကိုပုန်ကန်ခဲ့သည်။

မိုတိုင်းပြည်တွင် နွေဦးရာသီက ရောက်လာသည်နှင့် မိုရှန်ူရုံ ကပုန်ကန်ခဲ့ပြီး ဝန်ကြီးနဲ့ စစ်သူကြီး သုံးပုံပုံတစ်ပုံ ကျော်လောက်ကို သူ့ဘက်ကိုခေါ်ခဲ့ပြီး မိုချောရီ ကိုဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ ဒီဝန်ကြီးနဲ့ စစ်သူကြီးတွေနဲ့အတူ မိုရှန်းရုံ တွင်လာပူးပေါင်းကြသည့် မြေခွေးနတ်ဆိုးတွေလည်း ရှိနေပြီး သူတို့ရဲ့ စွမ်းရည်တွေကို အသုံးပြုပြီး မိုချောရီ ကိုဆန့်ကျင်ပြီး တိုင်းပြည်ကို အနိုင်ရရန် တိုက်ခိုက်ခဲ့ကြသည်။

လေးလမြောက်တွင် ချီဖေး၊ ချီမိုင်ကျန်း က မိုချောရီ နဲ့ဧကရီ ဟေွ့ယင် တို့ကိုအဆိပ်ခတ်ပြီး ဧကရီကို သေဆုံးစေပြီး ဧကရာဇ်ကိုလည်း အဆိပ်မိစေခဲ့သည်။ မိန်ဖေး ကြောင့် မိန်ဟွားရမ် ရဲ့ကလေးက မွေးဖွားလာပေမဲ့ အဆိပ်မိခဲ့ရသည်။

စစ်ပွဲအတွင်းတွင် စစ်သူကြီး တန်ချင်းရှန် ဘေးတွင် တော်ဝင်စစ်ဗျူဟာ ပညာရှင် ချီလုံဟိုင် ကတစ်ေလျှာက်လံုး ရှိနေခဲ့ပြီး မိုချောရီ ကိုအနုိင်ရပြီး ပုန်ကန်မှုကို ဖိနိုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။

ကံမကောင်းစွာဖြင့် တန်ချင်းရှန် နဲ့ ချီလုံဟိုင် တို့ပူးပေါင်းပြီး မြေခွေးနတ်ဆိုးတွေကို တိုက်ခိုက်တာတောင် အနိုင်ရဖို့က မလွယ်ပေ။

မိုရှန်းရုံ ဘက်တွင် မြေခွေးနတ်ဆိုး ငါးယောက်က သူ့စစ်သားတွေကို ဦးဆောင်နေပြီး ကြီးမားသည့် စွမ်းရည်တွေနဲ့ လိမ်လည်လှည့်ဖျားမှု‌ေတွနဲ့ ဖန်တီးထားပြီး မိုချောရီ ရဲ့စစ်သားတွေကို အလွယ်တကူ အနိုင်ရခဲ့သည်။ မိုရှန်းရုံ ရဲ့စစ်သားတွေကို ဦးဆောင်သည့် လုယင်ရွဲ့ နဲ့ ဟုန်ဒိုင်ယု တို့က တန်ချင်းရှန် ရဲ့စစ်သားတွေကို အလွယ်တကူ အနိုငမရပြီး မိုချောရီ ဘက်မှလူတွေကို ပြန်ဆုတ်သွားစေခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now