4.16

4.4K 664 5
                                    

Zawgyi

“ငါ မင်းညီကို ချစ်တယ်”

မင်ဟိုဆွန်း သူ့ကြားနေတဲ့ အရာတွေကို ထပ်ကြားနေရတယ်ဆိုတာ ကျိန်ဆိုနိုင်တယ်၊ အကြောင်းကတော့ သူနေ့စဉ်ကြားနေရတဲ့ အရာမဟုတ်တာကြောင့် ဖြစ်သည်။ သူ့ခေါင်းကို စိတ်ရှုပ်ထွေးစွာနဲ့ စောင့်လိုက်ပြီး ယိုဂျင်ဆော့ ကိုကြည့်ပြီး သူ့မျက်လုံးတွေကို လီရှင်းဝူ ကိုကြည့်လိုက်သည်။

“ဘာ?” မင်ဟိုဆွန်း သူ့နားတွေက လှည့်စားနေတာလို့ ယုံကြည်နေသည်။ တကယ်တော့ သူ့ကြားလိုက်တာတွေက လေကြောင့် သူမှားကြားတာ ဖြစ်နိုင်ပြီး အခု အရာအားလုံးကို သူပြတ်ပြတ်သားသား ကြားလိုက်ရသည်။

“မင်းညီကို ငါ ချစ်တယ်” ဒါက လီရှင်းဝူ ပြောချင်တာ ဖြစ်ပြီး မင်ဂျိုဆွန်း ကတော့ သူ့ဘာသာ ရှင်းလင်းသွားဖို့ ကြိုးစားနေလိုက်သည်။

“ဟုတ်တယ်၊ မင်း စိတ်မရှိဘူးဆိုရင် သူ့ကို ငါဝန်ခံချင်တယ်။ မင်းက သူ့အစ်ကို ဖြစ်တာကြောင့် သူ့ကို မလိုက်ခင်မှာ အရင်ဆုံး မင်းဆီက ခွင့်ပြုချက်ရသင့်တယ်လို့ တွေးမိတယ်” လီရှင်းဝူ သူရွေးချယ်လိုက်တဲ့ စကားကြောင့် ရှက်သွားပုံမပေါ်ပေ။
သူက တည့်တည့် မတ်မတ်နဲ့ လေးနက်တဲ့ မျက်နှာ အမူအရာနဲ့ ရပ်နေပြီး သူ့ပုံမှန် အမူအရာနဲ့ မကွာခြားပေ။ မင်ဟိုဆွန် သူ့စကားတွေကို နားလည်ဖို့ ကြိုးစားနေပြီး ယိုဂျင်ဆော့ ကအပြုံးလေးတစ်ခုနဲ့ ကြည့်နေလိုက်သည်။ သူ့ဦးနှောက်တွေက အလုပ်မလုပ်တော့တာနဲ့ တူနေသည်။

သေချာတာက လီရှင်းဝူ နဲ့ သူ့ညီရဲ့ ကြားထဲက လေထုက ပြောင်းလဲနေတာကို သူခံစားမိပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးကို မလိုချင်ဘူး။ ဒီအချက်ကြောင့် သူတို့က ဇနီးမောင်နှံဟောင်းလို ခံစားရစေသည်။ ဒါပေမဲ့ ဒါက အဓိက မဟုတ်ဘူး။

မင်ဂျိုဆွန်း ကဲ့ရဲ့ပြောဆိုခြင်း မလုပ်ပဲ ဆူပူချင်ပေမဲ့ လီရှင်းဝူ ကသူ့ဆီက အရင်ဆုံး ခွင့်ပြုချက်တောင်းတာကြောင့် အနည်းငယ် တုန်လှုပ်သွားသည်။ ဒါက ထူးဆန်းတယ်လို့ ခံစားရသည်။ မင်ဂျိုဆွန် သူ့လက်ထဲမှာ ခေါင်းကို ဆိုးလိုက်ပြီး သူ့လည်ချောင်းကို ရှင်းလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး သူ့မျက်နှာထက်တွင် တောင့်တင်းတဲ့ အမူအရာကို ပြုမူလိုက်ပြီး ပြောလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Där berättelser lever. Upptäck nu