23...

688 98 2
                                    

Unicode

နောက်တစ်နေ့တွင် ကြည်လင်ကာ သာယာသောနေ့ဖြစ်သည်။ သို့သော် သိပ်မကြာခင်မှာပဲ ကောင်းကင်တွင် အနက်ရောင်တိမ်တွေက စတင်လာခဲ့ပြီး တောက်ပနေသည့် နေလုံးအား တားဆီးလိုက်သည်။

ဖေးချန်းချီ က ထျန်စီချန်း ရဲ့မျက်နှာချင်းဆိုင်တွင် ထိုင်နေရင်း ပြုံးလိုက်သည်။

“ဆရာ၊ တခြားသူတွေကော ဘယ်မှာလဲ?” ထျန်စီချန်း ကမျက်ခုံးပင့်လိုက်သည်။

"သူတို့ မကြာခင် ရောက်လာကြလိမ့်မယ်။ ကံမကောင်းစွာပဲ၊ မင်းညီက အခု တာဝန်တစ်ခု သွားလုပ်နေလို့ မလာနိုင်ဘူး” ထိုအချိန်တွင် များပြားလှသည့် အသံတွေကို ကြားလိုက်ရသည်။

“ဂျူနီယာမောင်လေး!” ကျန့်ဘင်မေ့ ကတံခါးကို ဖွင့်လိုက်ပြီး ပြေးလာခဲ့သည်။ ကျန့်ဇိုက်ဖန် ကသူမအနောက်မှ တဖြည်းဖြည်း လျှောက်လာရင်း မျက်လုံးလှည့်လိုက်သည်။

ဟုန်မန်ရှု ကခေါင်းကို ဖြေးညှင်းစွာ ခါလိုက်ရင်း လျှောက်ဝင်လာခဲ့သည်။ ဖူဟွားရန် ကမျက်ခုံးကို ကြုတ်ထားကာ ခြေလှမ်းကျဲကြီးဖြင့် လျှောက်ဝင်လာခဲ့သည်။

“ဂျူနီယာညီမကော?” ဖေးချန်းချီ ကတစ်စုံတစ်ယောက် ပျောက်နေတာကို သတိပြုမိပြီး မေးလိုက်သည်။

“ဂျူနီယာညီမလေးက လာလိမ့်မယ်။ သူမက ဆေးလုံးလုပ်နေတာ” ဖူဟွားရန် ကပြန်ဖြေလိုက်ရင်း ကြမ်းတမ်းစွာ ထိုင်ချလိုက်ရင်း ဝိုင်ခွက်အား ဆွဲယူလိုက်ပြီး သူမပါးစပ်ထဲကို လောင်းထည့်လိုက်သည်။

“လူမစုံခဲ့တာ အချိန်ကြာပြီ!” ကျန့်ဘင်မေ့ ရဲ့မျက်လုံးဝိုင်းတွေက အလင်းတွေနဲ့ တောက်ပနေပြီး ပြောလိုက်သည်။

“အစ်မကို လူတိုင်းက ရှောင်ချင်နေကြတာ” သိပ်မကြာခင် ကျန့်ဇိုက်ဖန် ရဲ့စနောက်သည့် မှတ်ချက်က ထွက်ပေါ်လာခဲ့သည်။ ထိုအရာကို ကြားလိုက်ပြီး ကျန့်ဘင်မေ့ ကသူမအမွှာ မောင်လေးအား ပြင်းထန်စွာ လှည့်ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက် တော်ပြီ” ဟုန်မန်ရှု ကသူတို့နှစ်ယောက် ငြင်းခုန်မှာကို တားဆီးလိုက်သည်။ ထျန်စီချန်း ကသူ့နားထင်အား ပွတ်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now