7.4

2.1K 343 7
                                    

<Unicode>

"ဖန်မိန်!"

လုဖန်မိန် ကသူ့ကို ခေါ်လုိက်တဲ့လူအား လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းက ပြုံးနေပြီး လက်ထဲတွင် စာအုပ်အချို့ကို သယ်ထားရင်း မေးလိုက်သည်။ "အစ်မကို လိုက်ရှာနေတာလား?"

ဂျန်နန်ကျန်း ကရှက်ရွံ့စွာဖြင့် သူ့နှာခေါင်းကို ထိလိုက်ပြီး ပြုံးလိုက်သည်။ "အင်း၊ သူမက စစ်သားတွေလို ပုံမှန်လေ့ကျင့် သင်ကြားထားတာ‌ေတွ မရှိခဲ့ဖူးတာ‌ေကြာင့် သူမက မင်းနဲ့အတူတူ ရှိနေမယ်လို့ ထင်ခဲ့တာ"

ဂျန်နန်ကျန်း ရဲ့စိတ်လှုပ်ရှားနေပုံကို ကြည့်လိုက်ပြီး လုဖန်မိန် ရယ်လိုက်ကာ ခေါင်းခါလိုက်သည်။ "အစ်မက စစ်သူကြီးနဲ့ စကားပြောနေတယ်။ အထဲဝင်လိုက်တာနဲ့ အစ်မကို တွေ့လိမ့်မယ်"

ထိုစကားကို ကြားလိုက်ပြီး ဂျန်နန်ကျန်း သည်တောက်ပစွာ ပြုံးလိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် လက်ခါယမ်းကာ အော်ပြောလိုက်သည်။ "ကျေးဇူး။ ချင်းရှန် ကသူရှာ‌ေနတဲ့ ဆေးပင်ကို မင်းပြနိုင်ရင် သူ့ဒဏ်ရာကို ကြည့်‌ေပးဖို့ ငါ့ကိုပြောခိုင်းလိုက်တယ်" ထို့နောက် လှည့်လိုက်ကာ မြန်ဆန်သည့် ခြေလှမ်းများဖြင့် တန်ချင်းရှန် ရဲ့တဲဆီကို ဦးတည်လိုက်သည်။

လုဖန်မိန် ကပြုံးကာ ခေါင်းခါလိုက်ပြီး သူ့မျက်လုံးတွေက တည်ငြိမ်နေပေမဲ့ ထိုအထဲတွင် ပျော်ရွှင်နေမှုက ရှိနေသည်။ အချိန်တစ်လက ကုန်ဆုံးသွားခဲ့ပြီ။

လုဖန်မိန် ကတော့ဒီနေရာရှိ လူတိုင်းနှင့် ရင်းနှီးခဲ့တယ်။ လုယင်ရွဲ့ ကသူမအပိုင်းတွင် ပါဝင်နေပြီး လုဖန်မိန် ကလည်း သူ့အပိုင်းတွင် ကောင်းစွာကစားနေခဲ့ပြီး လူတိုင်းရဲ့ ကြိုဆိုခြင်းကို ခံခဲ့ရသည်။ လုဖန်မိန် သည်ဆေးဝါးများ ရှာဖွေရာတွင် အလွန်ကျွမ်းကျင်သောကြောင့် ဒဏ်ရာရနေသော မည်သည့်စစ်သားကိုမဆို ကူညီနိုင်ခဲ့သည်။

သူ့ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမူများကြောင့် လူတိုင်းက သူ့ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံခဲ့ကြပြီး သူတို့ငြီး‌ေငွ့နေရင်တောင် သူ့အား မမုန်းကြပေ။ တန်ချင်းရှန် တောင် လုဖန်မိန် တွင်ရှိနေသည့် အမှားတွေကို ရှာမတွေ့ပေ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now