5.19.5

3.6K 465 9
                                    

<Unicode>

တန်ဒိုးရာခိမိ အမြဲတမ်း သိချင်နေခဲ့တဲ့ မေးခွန်းတစ်ခုရှိတယ်။ အဆုံးထိ ချစ်နေဖို့ဆိုတာ ဘာကိုဆိုလိုတာလဲ? ပုံပြင်တွေ၊ ဇာတ်လမ်းတွေ အားလုံးကနေ ဖတ်ခဲ့ဖူးပြီး ဇာတ်လမ်းတွဲတွေကနေလည်း ကြည့်ခဲ့ဖူးတယ်။

အဓိက အတွဲက ဘယ်တော့မှ ခွဲမသွားပါဘူးလို့ သစ္စာစကားကို အမြဲတမ်းပြောကြတယ်။ ဒါက ဘာကိုဆိုလိုလဲဆိုတာ တကယ်ပဲ သူနားမလည်ဘူး၊ အနည်းဆုံးတော့ နာရိဇာဇဲနို နဲ့မတွေ့ခင်အထိ သူ့ဘဝအတွက် ချစ်ခြင်းတရားဆိုတာ ဘာလဲဆိုတာကို နားမလည်ခဲ့ဘူး။

ကိုမာဖြစ်ပြီး နိုးလာပြီးနောက် တန်ဒိုးရာခိမိ ကသူ့ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်အောင် ဖြည်းဖြည်းချင်း ကြိုးစားခဲ့သည်။ ဆေးရုံတွင် နာရိဇာဇဲနို ကသူ့ကို အမြဲတမ်း နှိပ်နယ်ပေးပြီး မကျရှုံးပေမဲ့ သူ့ခန္ဓာကိုယ်က အများကြီး မလှုပ်ရှားနိုင်သေးပေ။

နာရိဇာဇဲနို နဲ့တွေ့ဆုံခဲ့ရတာက သူ့အတွက် ကံကောင်းခြင်းသာလို့ ပြောနိုင်သည်။ အတိတ်ဘဝတုန်းက သူတို့တွေ့ကြုံခဲ့ရတဲ့ အမှားတွေကို ပြန်ပြင်ဆင်နိုင်တဲ့ အခွင့်အရေးအတွက်လည်း သူကျေးဇူးတင်မိသည်။

တန်ဒိုးရာခိမိ က နာရိဇာဇဲနို သိနေခဲ့တာကို မသိပေမဲ့ ဒါကို ထုတ်မပြောခဲ့ပေ။ အရင်တုန်းက နာရိဇာဇဲနို ကိုသူဘယ်လောက် ရက်စက်ခဲ့လဲဆိုတာကို နာရိဇာဇဲနို ကိုမသိစေချင်ပေ၊ ဒါက တခြားဘဝက ဖြစ်နေရင်တောင်မှ။

ဒီလိုနဲ့ပဲ အချိန်နှစ်နှစ်တာက ကုန်ဆုံးသွားခဲ့သည်...

"ရာခိမိ?" နာရိဇာဇဲနို ကသူ့ကို စိုက်ကြည့်နေတဲ့ တန်ဒိုးရာခိမိ မျက်လုံးရှေ့တွင် လက်တွေကို ဝေ့ယမ်းပြလိုက်သည်။

"အင်း?" တန်ဒိုးရာခိမိ က နာရိဇာဇဲနို ကိုအပြုံးလေးနဲ့ ကြည့်လိုက်ပြီး သူ့လက်က နာရိဇာဇဲနို ရဲ့လက်ကို ကိုင်လိုက်သည်။

သူတို့ နှစ်ယောက်က အပြင်ဘက်တွင် ဖြစ်သော်လည်း သူတို့ဆက်ဆံရေးကို ထုတ်ဖော်မိပြီး တခြားသူတွေရဲ့ အကြံပြုချက်တွေ၊ စိုက်ကြည့်ခြင်းတွေကို ရလာမှာကို မကြောက်ပေ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now