7.11

1.4K 231 13
                                    

Unicode

"မယ်တော်ကြီး၊ ပန်ဂူရမ် နဲ့အရှင်မင်းကြီး ရောက်လာပါတယ်။ တန်ချင်းရှန် နဲ့တခြားတစ်ယောက်လည်း ပါပါတယ်" ပိုင်ရွှေရှင်း ဘက်ကိုစောင်းလိုက်ကာ မိုင်ရှီး ကအနားကပ်ပြီး ပြောလိုက်သည်။ ထို့နောက် ပြန်မတ်လိုက်ကာ အခန်းထဲရှိ တခြားအစေခံ နှစ်ယောက်ကို ကြည့်လိုက်သည်။ "မင်းတို့နှစ်ယောက် စားဖိုဆောင်ထဲသွားပြီး လက်ဖက်ရည်နဲ့ မုန့်တချို့ကို သွားယူလာခဲ့"

"ဟုတ်ကဲ့ပါ၊ အစေခံ ခေါင်းဆောင်" ချက်ချင်းပင် ထိုအစေခံ နှ၏်ယောက်က ဦးညွှတ်လိုက်ပြီး သူတို့တာဝန်ကို ပြီးဆုံးရန် ထွက်သွားကြသည်။

ခြေလှမ်း‌ေတွကြားပြီး ပိုင်ရွှေရှင်း ကပင်ပန်းနေသည့် မျက်လုံးတွေနဲ့ မော့ကြည့်လိုက်သည်။ မိုင်ရှီး ကခေါင်းညိတ်လိုက်ပြီး တံခါးဆီကို လျှောက်သွားကာ ဖွင့်လိုက်သည်။

အပြုံးလေးဖြင့် မိုင်ရှီး ကပြောလိုက်သည်။ "အသက်နှစ်သောင်းပေါင်းမျာစွာ ရှည်ပါစေ၊ အရှင်မင်းကြီး နဲ့ပန်ဂူရမ်။ ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ပါ" သူမက တံခါးကိုဖွင့်ထားကာ ပိုင်ရွှေရှင်း ရဲ့အိပ်ဆောင်ကို လမ်းပြလိုက်သည်။

လုဖန်မိန် ကလှည့်ပတ်ကြည့်လိုက်ပြီး ချက်ချင်း မျက်လွှာချလိုက်သည်။ မြေခွေးနတ်ဆိုး တစ်ယောက်အနေဖြင့် ဒီအခန်းထဲတွင် သေခြင်းတရားနှင့်တူသည့် ထူးဆန်းသည့် အရှိန်အဝါတွေကို ခံစားမိနေသည်။ ထိုအကြောင်းကို စဉ်းစားရင်း သူ့ခံစားချက်က ထိုးကျသွားသည်။ တခြားမြေခွေးနတ်ဆိုးက ချန်ထားခဲ့သည့် သဲလွန်စ တချို့ကို သူတွေ့လိုက်တာကြောင့် ဖြစ်သည်။

ပိုင်ရွှေရှင်း ကခုံပေါ်တွင် ထိုင်နေရင်း သူတို့ကို ကြည့်နေတာကို လုဖန်မိန် မြင်လိုက်ရသည်။

"မယ်တော်" မိုချော နှင့် မိုလီ တို့ကနှုတ်ဆက်လိုက်ပြီး ပိုင်ရွှေရှင်း ကသူတို့ကို ခေါင်းညိတ်ပြကာ ထိုင်ခိုင်းလိုက်သည်။

သူတို့ရောက်သည်နှင့် လုဖန်မိန် နဲ့ တန်ချင်းရှန် က‌ကြမ်းပြင်တွင် ဒူးထောက်လိုက်ကာ နှုတ်ဆက်လိုက်သည်။ "အသက်နှစ်သောင်းပေါင်းများစွာ ရှည်ပါစေ မယ်တော်ကြီး"

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Där berättelser lever. Upptäck nu