6.3

3.3K 541 6
                                    

<Unicode>

သူတို့က လှပတဲ့ ကောင်လေးကို ကြည့်လိုက်ရင်း ချန်းရှုဂျင်း ကိုသတိမထားမိတော့ပေ။ သွေးစုပ်ဖုတ်ကောင် အများစုက ပိုပိုပြီး အာရုံစိုက်လာကြကာ သူတို့အာရုံတွေက ဝမ်ဇူဟေး အပေါ်တွင်သာ ရှိနေတော့သည်။

အစက စင်ပေါ်တွင် ရပ်နေခဲ့သည့် အမျိုးသမီး သွေးစုပ်ဖုတ်ကောင်ကလည်း ဝမ်ဇူဟေး ကိုညွှန်ပြလိုက်သည်။

"ဒီတစ်ယောက်က ကျွန်မတို့ဆီမှာရှိတဲ့ ဈေးအကောင်းဆုံး ပစ္စည်းပဲ။ သူက အရမ်းကို ကြည့်ကောင်းတဲ့ သွေးနှောပဲ။ သူက အခုလက်ရှိတော့ အသက်က ၁၃ နှစ်ပဲရှိသေးတယ်၊ သူ့အတွက် ပိုကောင်းမွန်တဲ့ အရာတွေကို လုပ်နိုင်ဖို့အတွက် သူ့ဘာသာ လေလံပွဲမှာ ဝင်ရောက်ဖို့ ကမ်းလှမ်းခဲ့တယ်။ သူက ကျွန်မတို့ဆီက အကောင်းဆုံး ပစ္စည်းဖြစ်တာကြောင့် တစ်သောင်း ကနေစတင်လိုက်ရအောင်"

ထို့နောက် အခန်းထဲက သွေးစုပ်ဖုတ်ကောင်တွေက ကြည့်နေကြပြီး သူမက တောက်ပစွာ ပြုံးလိုက်ကာ ပြောလိုက်သည်။

"လေလံပွဲ စတင်ပါပြီ"

ချန်းရှုဂျင်း ကအနည်းငယ် ပြုံးလိုက်ပြီး ဈေးနှုန်းတွေကို အော်ပြောနေကြတဲ့ လူတိုင်းကို လိုက်ကြည့်နေတဲ့ ဝမ်ဇူဟေး ကိုမဲမှောင်နေသည့် မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

ချန်းရွယ်ရီ ကသူ့အစ်ကို ကြည့်လိုက်ပြီး "မန်နေဂျာကို ခေါ်သင့်လား?"

ထိုစကားကို ပြောလိုက်ပြီး သူ့အစ်ကိုမျက်နှာပေါ်က အပြုံးကိုကြည့်လိုက်ပြီး ထိုအထဲတွင် မကောင်းသည့် ရည်ရွယ်ချက်တွေကို သိသာစွာမြင်နိုင်သည်။ သူ့မျက်နှာပေါ်က အပြုံးက ပိုပြီးတောင် ကြောက်လန့်ဖို့ ကောင်းနေသည်။

ချန်းရှုဂျင်း ကထိုင်ခုံလက်တန်းတွင် တံတောင်ဆစ်ကို တင်လိုက်ပြီး သူ့မေးစေ့ကို တင်လိုက်ကာ စင်ပေါ်ကို ကြည့်လိုက်သည်။

"ဒါအတွက် မလိုအပ်ဘူး၊ ဒါကို သူတို့ရယူဖို့ ဘယ်လောက်အထိ သွားကြမလဲဆိုတာ ငါမြင်ချင်တယ်"

တခြားစကားလုံးတွင် သူတို့က ဝမ်ဇူဟေး အတွက် ဘယ်လောက် ပေးနိုင်ကြမလဲဆိုတာကို မြင်ချင်တာ ဖြစ်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now