5.17

2.2K 367 3
                                    

Unicode

"ဒီနေရာ၊ သင်တန်းခန်းမမှာ ဒီကိစ္စကို အဆုံးသတ်ရအောင်" တန်ဒိုးနအိုခိ ကလူတိုင်းက တိတ်ဆိတ်နေတာကို သတိထားမိပြီး ပြောလိုက်သည်။

သူတို့ကို စိုက်ကြည့်လိုက်ပြီး ထလိုက်ကာ သူ့ကိုယ်ရံတော်တွေကလည်း သူနဲ့အတူ လှုပ်ရှားလိုက်ကြသည်။ လူတိုင်းက တန်ဒိုးနအိုခိ အရင်ဆုံး ထတာကို ကြည့်နေကြပြီး သူတို့လည်း ထလိုက်ကြသည်။

အိုတရှီဟိဒဲအို က တန်ဒိုးရာခိမိ ကိုသာ ကြည့်နေပြီး တန်ဒိုးရာခိမိ ကလည်း သူ့ကို ပြန်စိုက်ကြည့်နေခဲ့သည်။ ရှီရူဆာခူရာ နဲ့ တန်ဒိုးအီးချီ အနောက်ကနေ သူက ရပ်နေပြီး သူတို့ ကိုယ်ရံတော်တွေကလည်း သူတို့အနားတွင် လိုက်ပါခဲ့ကြသည်။

နာရိဇာဇဲနို က အိုတရှီဟိဒဲအို ကိုသနားသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သူ့အဖေနဲ့ ရှီရူဆာခူရာ တို့ကို ကြည့်နေရင်း တန်ဒိုးရာခိမိ ရဲ့အမုန်းတရားတွေက ရာခိုင်နှုန်းအပြည့် ဖြစ်လာတာကို သူပြောနိုင်သည်။

နာရိဇာဒိုင်းချီ ကသူ့ညီ ကိုစိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက သူ့သားဆီကို ရောက်သွားပြီး တီးတိုးပြောလိုက်သည်။

"ဇဲနို က နအိုခိ ရဲ့မြေးနဲ့ သိနေတာကို ငါ့ကို တစ်ခါမှ မပြောခဲ့ဖူးဘူး" နာရိဇာဖူချီခါဝါ ကထိုစကားကို ကြားလိုက်ချိန်တွင် သူ့အစ်ကို ကိုပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"သူတို့က ရင်းနှီးလား၊ မရင်းနှီးလားဆိုတာ ငါတောင် သေချာမသိခဲ့ဘူး။ ငါ့အထင်ရှိပေမဲ့ ငါမသေချာခဲ့ဘူး။ မင်းသား အတွက်ကိုတော့ စောင့်ကြည့်နေသင့်တယ် မဟုတ်ဘူးလား? သူ့ဆန္ဒအတိုင်း သူ့ကိုယ်ပိုင် နေရာတစ်ခုအတွက် လုပ်ကိုင်ခွင့်တွေကို မင်းပေးထားတာ သိပေမဲ့ သူ့အကြောင်းကို ရှာဖွေနေကြတဲ့ လူတွေက များပြားတယ်။ သူ့ဆီကနေ ဒီအရာတွေကို ထာဝရ စောင့်ကြည့်နေလို့ မရဘူး၊ အထူးသဖြင့် သူ့အမေက သူ့ကို ရှာဖွေနေတဲ့အချိန်မှာပေါ့"

နာရိဇာဒိုင်းချီ ကထိုစကားကို နားထောင်ရင်း တိတ်ဆိတ်စွာ လျှောက်သွားခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now