8...

1.1K 130 5
                                    

Unicode

မြို့ငယ်လေးထဲတွင် ဖေးချန်းချီ ကစူးစမ်းနေခဲ့သည်။ ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့အပြာရောင် မျက်လုံးတွေက သူ့ကိုထင်ပေါ်စေပြီး အဖြူရောင် ဆံပင်ရှည်တွေအား ကျောက်စိမ်ဆံထိုးဖြင့် ချည်နှောင်ထားခဲ့သည်။

ဘေးဘက်တွင် ဆိုင်လေးတွေရှိသည့် လမ်းတွင်လျှောက်နေရင်း များပြားသည့် မျက်ဝန်းတွေက သူ့အား စူးစမ်းစွာ ကြည့်နေခဲ့ကြသည်။ ဖေးချန်းချီ ကလှည့်ပတ်ကြည့်လိုက်သည်။ လူတိုင်းထက် ပိုရှည်နေပြီး သူ့ခန္ဓာကိုယ်က တောင့်တင်းနေသည်။ သူက လှည့်ပတ်ကြည့်လိုက်ရင်း ထူးခြားသည့် ပစ္စည်းလေး တစ်ခုက သူ့အာရုံအား ဆွဲဆောင်သွားခဲ့သည်။

“ဒါဘယ်လောက်လဲ?” ဖေးချန်းချီ ကမြေစေးပုံလေး တစ်ခုကို ကောက်ယူလိုက်သည်။ ဒီပုံလေးက ကျက်သရေရှိသည့် ပုံစံဖြင့် ဖန်တီးထားတာ မဟုတ်ပေ။ ပုံကြမ်းလို ဖြစ်နေပေမဲ့ ဖေးချန်းချီ ကသူ့အမေ လုပ်ပေးခဲ့တာကို အမှတ်ရသွားရင်း သူ့လက်ထဲတွင် မြေစေးပုံလေးကို ကိုင်ထားခဲ့သည်။ သူ့နှုတ်ခမ်းတွင် အပြုံးလေးက ရှိနေရင်း သူ့အရှေ့မှ လူကြီးအား မေးလိုက်သည်။

“အာ၊ ကြေးနှစ်ပြားပါ၊ သခင်လေး” အကြီးအကဲက ဖေးချန်းချီ အားအနည်းငယ် ရှိန်နေပြီး ကျက်သရေရှိသည့် အသွင်အပြင်ကို ကြည့်နေခဲ့သည်။ ထိုငွေကြေးကို ကြားလိုက်ပြီး ဖေးချန်းချီ ကအိတ်ရှုံ့လေးထဲကို နှိုက်လိုက်သည်။ အကြမ်းထည် ရွှံ့စေးအစေခံအရုပ်ကို ကိုင်ထားသည့် ကောင်ငယ်လေးကို မြင်လိုက်ပြီး သူ့ငယ်ဘဝကို အမှတ်ရသွားခဲ့သည်။ ငွေပြားတစ်ပြားကို ထိုလူဆီ ကမ်းပေးလိုက်သည်။

“ဒီ! သခင်လေး ငွေချေတာ အရမ်းများနေပါတယ်!” ထိုလူက သူ့အား အော်ပေးလိုက်သည်။ သို့သော် ဖေးချန်းချီ ကပြုံးလိုက်ပြီး သူ့မျက်လုံးတွေက တောက်ပသွားရန်း သူ့လက်ထဲမှ ရွှံ့စေးရုပ်လေးက ပျောက်ကွယ်သွားခဲ့သည်။

“ယူထားလိုက်ပါ” အဖြေထက်မပေးတော့ပဲ ဖေးချန်းချီ ကလှည့်သွားခဲ့သည်။

နှစ်ပတ်က ကုန်လွန်သွားခဲ့သည်။ ဖေးချန်းချီ က ဟုန်မန်ရှု ပြောခဲ့သည့် ချင်းယန် တွင်လျှောက်နေခဲ့သည်။ မြို့လေးက တိတ်ဆိတ်ပြီး အေးချမ်းကာ လှပသည့် ပတ်ဝန်းကျင်ရှိသည်။ ဖေးချန်းချီ ကလူအနည်းငယ်ကို ဖြတ်လျှောက်သွားရင်း သူတို့အသံကို ကြားလိုက်ရသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now