16...

709 105 13
                                    

Unicode

ဖေးချန်းချီ ကလှည့်ပတ်ကြည့်လိုက်သည်။ ထျန်စီချန်း နဲ့စကားပြောပြီး ပြန်လာပြီးနောက် သူ့ကိုယ်ပိုင် ခြံဝန်းနဲ့ ကိုယ်ပိုင်တောင်ကြား ရှိလာခဲ့သည်။ သူ့တောင်ကြားကို မန်ရှန်းတောင်ကြားလို့ခေါ်ပြီး ပေါ့ပေါ့တန်တန် ရွေးချယ်လိုက်သည့် နာမည်ဖြစ်သည်။

သူ့ခြံဝန်းတွင် သူ့ပစ္စည်းတွေ အားလုံးနေရာချပြီး ဖေးချန်းချီ ကလှည့်ပတ်ကြည့်လိုက်သည်။ မန်ရှန်းတောင်ကြား ကတခြားတောင်ကြားတွေနဲ့ တော်တော်ဝေးသည်။ ဒါက တိတ်ဆိတ်ပြီး တောင်ဟွားတောင်ကြား ထက်တောင် ပိုတိတ်ဆိတ်သည်။

ဖေးချန်းချီ ကလှည့်ပတ်ကြည့်လိုက်ရင်း ပြုံးလိုက်သည်။ ဒီနေ့ ပိုင်ချန် လာလိမ့်မည်။ ငါးရက်ကျော်က ကုန်ဆုံးသွားခဲ့သည်။ သူနဲ့ ဇူးလုံဝမ် တို့ကြားက နည်းနည်း ထူးဆန်းမှုသည့် အရာလေးတွေကို ဖေးချန်းချီ တွေ့ခဲ့သော်လည်း ပိုင်ချန် နဲ့သူ့ဆက်ဆံရေးကတော့ အရင်အတိုင်း ရှိနေသေးတာကို သိနေခဲ့သည်။

“ချန်းချီ” ရင်းနှီးသည့် အသံဖြင့် ဖေးချန်းချီ ကအပြုံးလေးနဲ့ လှည့်လိုက်သည်။

မန်ရှန်းတောင်ကြားက အတားအဆီးတွေနဲ့ အသေအချာ ကာကွယ်ထားသော်လည်း တိကျသည့်လူတွေကိုတော့ အတားအဆီးကနေ အနှောင့်အယှက်မရှိပဲ ဝင်နိုင်ဖို့ သူခွင့်ပြုထားခဲ့သည်။

“ပိုင်ချန်” ဖေးချန်းချီ ကပြုံးလိုက်ရင်း တခြားလူဆီ လျှောက်သွားလိုက်သည်။

ပိုင်ချန် ကအပြာရောင် ဝတ်ရုံကို ဝတ်ထားခဲ့သည်။ သူ့ဆံပင်တွေကို သေသေချာချာ ချည်နှောင်ထားပြီး သူ့နှုတ်ခမ်းထက်တွင် အပြုံးလေးက ရှိနေကာ သူ့အနီရောင် မျက်လုံးတွေက တောက်ပနေသည်။

“နောက်ဆုံးတော့ မင်းကိုယ်ပိုင် တောင်ကြားရှိလာခဲ့ပြီပဲ” ပိုင်ချန် က ဖေးချန်းချီ နဲ့လျှောက်နေရင်း ဖေးချန်းချီ ကသူစာကြည့်ခန်းဆီ ဦးတည်ခေါ်သွားလိုက်သည်။

“မင်းနဲ့ စကားပြောပြီးတော့ တချို့အကြောင်းတွေကို ငါစဉ်းစားခဲ့တယ်” ဖေးချန်းချီ ကပြုံးလိုက်ရင်း တံခါးဖွင့်ကာ ပိုင်ချန် ကိုဝင်ခွင့်ပြုလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now