7.12

1.4K 221 7
                                    

Unicode

"အစ်ကို... အစ်ကို ဘယ်လိုနေလဲ?" ချီမိုင်ကျန်း ကအနီးကို တိုးကပ်လာပေမဲ့ သူမက သူနဲ့သိပ်မရင်းနှီးကြောင်း လူတိုင်းမြင်နိုင်သည်။ ထိုမြင်ကွင်းမှ သူမသည် ချီလုံဟိုင် နဲ့အဖေတူ အမေကွဲ ညီမသာဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။

ချီမိုင်ကျန်း ကငယ်ငယ်ကအတိုင်း မပြောင်းလဲပဲ အတူတူရှိပဲဖြစ်နေတာကို ချီလုံဟိုင် မြင်လိုက်သည်။ ချီမိုင်ကျန်း အနောက်တွင် ပုန်းနေသည့် ကောင်လေးကို ကြည့်လိုက်သည်။ ကောင်လေးက သူ့အကြည့်ကို တွေ့လိုက်ပေမဲ့ ချက်ချင်း အဝေးကို လှည့်သွားခဲ့သည်။ သူ... ဒီကောင်လေးက သူ့အဖေနဲ့ တူလွန်းတယ်။ သူ့မျက်ခုံးကြားက အမှတ်အသားကလွဲပြီး အရာအားလုံးက တူညီသည်။

"ငါကောင်းပါတယ်၊ ညီမလေး" ချီလုံဟိုင် ကပြန်ဖြေလိုက်သည်။ သူ့မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူ့နှလုံးကွဲနေပုံ မပေါ်ပေ။ သူ့ကိုယ်သူ တောင့်ခံထားပြီး သေလောက်သည့် နာကျင်မှုက ပြန်လာခဲ့သည်။ နာကျင်မှုက တကယ်ပဲ ဆိုးရွားလွန်းတယ်။

"မယ်တော်၊ သူက ဘယ်သူလဲ?" ချီမိုင်ကျန်း အနောက်မှ ကောင်လေးက နောက်ဆုံးတော့ စကားထပြောလိုက်သည်။

ချီမိုင်ကျန်း ကသူမသားကို ပြုံးကာကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒါက သား‌ေတာ်လေးရဲ့ ဦးရီးတော်ပဲ၊ မယ်တော်ရဲ့ အစ်ကိုတော်"

ချီလုံဟိုင် ကကောင်လေးကို ကြည့်လိုက်သည်။ "ဒါက မင်းသားတော်"

ချီမိုင်ကျန်း ကပြုံးလိုက်သည်။ "အင်း၊ သူက ညီမရဲ့ သားတော်ပါ။ အရှင်မင်းကြီးကတောက်ပစွာ ကြီးထွားခြင်းလို့ အဓိပ္ပါယ်ရတဲ့ မိုချန်းမင်း လို့နာမည်ပေးခဲ့တယ်။ သူ့ရာထူးက ရန်ဂျွမ်ဝမ်၊ မိုရန်၊ ပထမမင်းသား၊ နေမင်းသားတော်"

မိုရန် က ချီလုံဟိုင် ကိုချောင်းကြည့်လိုက်သည်။ သူ့ပါးပြင်တေွက သွေးကြောများက ထင်းနေပြီး သုံးနှစ်အရွယ် ကလေးက လမ်းလျှောက်နေနိုင်ပြီး စကားကိုတောင် ပီသစွာ ပြောနိုင်နေသည်။

ချီလုံဟိုင် ကနူးညံ့စွာ ပြုံးပြလိုက်သည်။ "မင်းသား‌ေလး၊ ဒီအရာရှိရဲ့နာမည်က ချီလုံဟိုင် ပါ။ ကျွန်တော်မျိုးက တော်ဝင် စစ်ဗျူဟာ ပညာရှင်ဖြစ်ပြီး မကြာခင်ကမှ ကျွန်တော်မျိုး တာဝန်ကိုဖြည့်ဆည်းဖို့ ပြန်လာခဲ့တာပါ"

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now