1.9

22.3K 2.5K 34
                                    

Zawgyi

ပိုင်မန်ရှောင် ပြတင်းပေါက်အပြင်ကို စိုက်ကြည့်နေလိုက်သည်။ ဒီနေ့က ရှုယောင်ဟန် နဲ့ ယုရွှန် တို့လက်ထပ်တဲ့နေ့ပဲ၊ အဲ့ဒါက အခုလက်ရှိ ရှိနေတာပဲ။

ပိုင်မန်ရှောင် ကသွားချင်သည် ဆိုသော်လည်း ရှုယောင်ဟန် ကသူ့ကို မင်္ဂလာဆောင်ပွဲ ကျင်းပရာနေရာနှင့် နီးစပ်သည့် မည်သည့်နေရာကိုမှ သွားခွင့်မပြုခဲ့ဘူး။

ရှုယောင်ဟန် သူ့ကိုပြောခဲ့တာက သူတခြားတစ်ယောက်နဲ့ လက်ထပ်ထိမ်းမြားနေတာကို ပိုင်မန်ရှောင် အားမမြင်စေချင်ကြောင်း၊ နောက်ပြီး သူ့မှာ ကိုယ်ဝန်ရှိနေတာကြောင့် အဲ့လိုနေရာတွေရဲ့ အနီးကို မလာသင့်ကြောင်း ပြောခဲ့သည်။

(ဟေ့၊ System? ငါမင်းကို မေးစရာတစ်ခု ရှိတယ်။ ငါအဆိပ်မိရင် ငါ့အဆိပ်ကနေ ကလေးကို ကာကွယ်ပေးလို့ရလား?)

[Host ကျွန်တော် သေချာပေါက် လုပ်လို့ရပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်က သေပြီးသားသူကို ပြန်ရှင်တဲ့အထိ ကျွန်တော် ကသန်မာပါတယ်။ ဟုတ်တာပေါ့၊ ကျွန်တော် က မြင့်မားတဲ့ အဆင့်ရှိတဲ့ System လေ တခြားသူတွေနဲ့တောင် ယှဉ်နိုင်တယ်။ ဒါကြောင့် မင်းတစ်ခုခု ဝယ်ချင်ပြီဆိုရင် ကျွန်တော့်ကိုတစ်ခုခု ပေးဖို့မလိုပါဘူး။ မစိုးရိမ်ပါနဲ့၊ မင်းအဆိပ်မိရင် ငါမင်းနဲ့ မင်းကလေး နှစ်ယောက်လုံးကို ကယ်ပေးနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ မင်းက မင်းကလေးကိုပဲ ကယ်စေချင်တယ်ဆိုရင်လဲ ငါမင်းအလိုရှိတဲ့အတိုင်း လုပ်ပေးလို့ရပါတယ်]

(ကောင်းပြီလေ၊ အခုတော့ ဇာတ်လိုက်ရဲ့ ဘေးမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကိုပြောပြပေးနိုင်မလား?)

[ဇာတ်လိုက်က လက်ရှိတော့ မင်းသားနဲ့ မင်္ဂလာဆောင်ပွဲကို ကျင်းပပြီးနေပါပြီ။ အခုတော့ မင်းသားက မင်္ဂလာအခန်းကို ခေါ်ဆောင်သွားခံရပြီး၊ သိပ်မကြာခင်မှာပဲ ဇာတ်လိုက်လဲ အဲ့နေရာကို သွားပါလိမ့်မယ်။ ဇာတ်လိုက်က မင်းသားနဲ့ အဲ့အရာကို လုပ်မှာကို မင်းမစိုးရိမ်ဘူးလား?]

(ကိစ္စ အသေးလေးတွေ အတွက်နဲ့ စိုးရိမ်မနေပါနဲ့၊ ငါ့ပုံရိပ်တွေနဲ့ သူ့ပတ်လည်ကို ဖုံးလွှမ်းထားပြီးသားပါ။ သူက တခြားသူနဲ့ အိပ်ဖို့မပြောနဲ့ သူငါ့ဆီကနေ တစ်စက္ကန့်လေးတောင် ခွဲပြီးမနေနိုင်ပါဘူး။ ပြောရမယ်ဆိုရင် ဒီကမ္ဘာကြီးက အရမ်းလွယ်ကူတာပဲ၊ ငါ့မှာ ပျော်စရာတွေတောင် မရှိဘူး။ အခုထက်ပိုပြီး ပျော်ဖို့ကောင်းအောင် လုပ်လိုက်ရင် ပိုကောင်းမယ်လို့ ငါတွေးမိတယ်။)

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now