11...

949 130 7
                                    

Unicode

ဖေးချန်းချီ ကအိပ်ရာပေါ်တွင် လှဲလျောင်းနေရင်း မကြာခင်က ရခဲ့သည့် ဒဏ်ရာတွေကို ကုသနေခဲ့သည်။

သူ လုပ်နိုင်ခဲ့သည်။ အသက် ၂၉၅ နှစ်တွင် မသေမျိုးလောကကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး အခုတွင် အသက်အငယ်ဆုံး ကျင့်ကြံသူ ဖြစ်လာခဲ့သည်။ တကယ့်မသေမျိုးတွေနဲ့ မယှဉ်ပြိုင်ရသေးသော်လည်း သူ့အတွက် ခြေတစ်လှမ်း ဝင်နိုင်ခဲ့သည်။ သူ့ဘေးတွင် ရပ်နေသည့် လူတစ်ယောက် ရှိနေသည်။

ဇူးလုံဝမ် ကဘာကြောင့် ဒီနေရာတွင် ရောက်နေလဲဆိုတာကို ဖေးချန်းချီ နားမလည်နိုင်ပေ။ သူ့ကိုကူညီပေးခဲ့လို့ ဒီလူကို ကျေးဇူးတင်ပေမဲ့ သူတို့ဆက်ဆံရေးက တည်ရှိမှုမရှိပေ။

သူတို့ယဉ်ကျေးစွာ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ကြတာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော် ဇူးလုံဝမ် ကသူ့အိပ်ရာဘေးတွင် မတ်တပ်ရပ်နေရုံနဲ့ ဖေးချန်းချီ ဂနာမငြိမ် ဖြစ်နေခဲ့သည်။

“မင်းအဆင်ပြေရဲ့လား?” ဇူးလုံဝမ် ကမေးလိုက်သည်။ သူ့အသံက တိုးလျနေပြီး ခရမ်းရောင် မျက်ဝန်းတွေက စူးရှကာ အေးစက်နေသည်။ သူ့မျက်နှာတွင် ခံစားချက်မရှိတာက သူ့စိတ်ကို ပိုပြီးတော့တောင် မထူးမခြားဖြစ်စေသည်။

“အင်း၊ မသေမျိုးဇူး ရဲ့အကူအညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်” ဖေးချန်းချီ ကဆေးလုံးတွေကို သောက်ခဲ့သည်။ နောက်ပြီး ဇူးလုံဝမ် ကလည်း လာတဲ့အချိန်တိုင်း သူ့အတွင်းပိုင်း ဒဏ်ရာတွေကို ကုသပေးဖို့ ကူညီပေးခဲ့သည်။

“ဂုဏ်ပုဒ်တွေ ထည့်ပြောဖို့ မလိုပါဘူး။ ငါတို့သတ်မှတ်ရင် မင်းလည်း မသေမျိုးပဲလေ” ဇူးလုံဝမ် ကပြောလိုက်ရင်း သူ့ခရမ်းရောင် မျက်လုံးတွေက ဖေးချန်းချီ ကိုကြည့်နေခဲ့သည်။ နောက်ဆုံးတော့ ထိုလူက လှည့်ပတ်ကြည့်လိုက်ပြီး ခုံပေါ်တွင် ဝင်ထိုင်လိုက်ကာ သူ့ကျောမှဓားကို ချလိုက်သည်။

ဖေးချန်းချီ ကမျက်မှောင်ကြုတ်လိုက်ပြီး အပြာရောင် မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတွေ ရှိနေခဲ့သည်။ ထူးဆန်းတယ်... ဇူးလုံဝမ် ဆီကနေ တစ်ခုခု ခံစားမိနေတယ်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now