2.18

11.5K 1.3K 17
                                    

Zawgyi

ဒန်နီရယ် က အန်ဒီ ကိုကြည့်လိုက်ပြီး သူ့ပါးစပ်မှ စကားတွေကို မြိုချလိုက်သည်။ အန်ဒီ ကအဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူအမြဲတမ်း ဝတ်ဆင်တဲ့ လက်အိတ်ကလည်း လိုက်ဖက်တဲ့ အဖြူရောင်ပင် ဖြစ်သည်။

သူကအမြဲတမ်း ပြည့်စုံပြီးသား ဖြစ်တာကြောင့် အန်ဒီ ဝတ်ထားတာတွေက ပြောစရာတောင် မလိုပေ။ ဒန်နီရယ် အတွက်တော့ အန်ဒီ ကပြီးပြည့်စုံတဲ့ အဓိပ္ပါယ်ဖြစ်သည်။ ဒန်နီရယ် မျက်နှာမှာ နူးညံ့ညင်သာတဲ့ အပြုံးနဲ့အတူ အန်ဒီ ဆီကိုလျှောက်သွားပြီး သူ့လက်ကို ညင်သာစွာ ဆွဲလိုက်သည်။

သူ့ကို အန်ဒီ ကတွန်းလိုက်မယ်လို့ ထင်ပေမဲ့ အန်ဒီ ကအဲ့လိုမလုပ်ခဲ့ပေ။ ဒန်နီရယ် ကျေနပ်သွားပြီး သူ့ဘဝသည် အခုမှပင် ပြည့်စုံသွားလေသည်။ အန်ဒီ ကသူ့အသွင်အပြင်ကို လေးစားသည့်အနေဖြင့် ဒန်နီရယ် ကိုကြည့်လိုက်သည်။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင် နက်တိုင်ကို တွဲဝတ်ဆင်ထားသည်။ ဈေးအတော်လေးကြီးသည့် နာရီတစ်လုံးကို ဝတ်ဆင်ထားသည်။ ဒီလိုအရာတွေ ဝတ်ဆင်ဖို့က အချိန်အခါကောင်းဆိုတာ အန်ဒီ သိသည်။

“မင်း အဆင်သင့်ဖြစ်ပြီလား?” အန်ဒီ အကြောင်းကို သိသော်လည်း ဒန်နီရယ် ကမေးလိုက်သည်။ နွေးထွေးတဲ့ အပြုံးနဲ့ အတူ သူ့မျက်လုံးတွေကလည်း သူ့အမူအရာတွေကို ရှင်းပြစရာမလိုပဲ တောက်ပနေသည်။

“အင်း” အန်ဒီ က ဒန်နီရယ် ကိုဝင်ပေါက်သွားဖို့ ဦးဆောင်ခွင့်ပြုလိုက်သည်။ သူတို့လှပပြီး ကြီးမားတဲ့အိမ်ကြီးကို ရောက်သွားသည်။ အိမ်ကအတော်လေးကို ကြီးမားတာကြောင့် ဒီအိမ်ပိုင်ရှင်က သူ့ရဲ့ငွေကြေး ပိုင်ဆိုင်မှုတွေကို ဖော်ပြချင်နေကြောင်း အလွယ်တကူ သိရှိနိုင်သည်။

ဒန်နီရယ် နဲ့ အန်ဒီ တို့လျှောက်ဝင်သွားသည့်နှင့် သူတို့အသွင်အပြင်က များပြားလှတဲ့လူတွေကို လှုံ့ဆော်ပေးလိုက်သည်။ နောက်ပြီး သူတို့နှစ်ယောက်လုံးရဲ့ အသွင်အပြင်က မရိုးရှင်းပေ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ သူတို့က အင်အားကြီးမားပြီး သန်မာတဲ့သူတွေ ဖြစ်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now