7.10

1.4K 255 3
                                    

Unicode

မိုချော ရဲ့အပြာရောင် မျက်လုံးတွေက တန်ချင်းရှန် ဘေးတွင်ရှိသည့် လုဖန်မိန် ကိုကြည့်လိုက်ရင်း ဥယျာဉ်ရှိ ထွက်ပေါက်အနားကို လျှောက်သွားခဲ့သည်။

"သူပဲ။ သူမဟုတ်ရင် ငါသူ့ကို ခေါ်လာမှာ မဟုတ်ဘူး" တန်ချင်းရှန် ကသူ့မိတ်ဆွေရဲ့ မေးခွန်းအား ချက်ချင်းဖြေလိုက်သည်။

လုဖန်မိန် ကိုကြည့်ရင်း မိုချော ရဲ့မျက်လုံးတေွက ရုတ်တရက် ပြောင်းလဲသွားပြီး  "အင်း၊ စိတ်ဝင်စားစရာပဲ။ မင်းနာမည်က ဘာလဲ?" လို့မေးလိုက်ပြီးနောက် တန်ချင်းရှန် ကိုကြည့်လိုက်သည်။

လုဖန်မိန် သည်ပြုံးလိုက်ပြီး သူ့ကျောကို အနည်းငယ် ကွေးလိုက်ပြီး တည်ငြိမ်‌ေသာ အသံဖြင့် ပြောလိုက်သည်။ "ကျွန်တော်မျိုးရဲ့ နာမည်ကတော့ လုဖန်မိန် ဖြစ်ပါတယ်၊ အရှင်မင်းကြီး" သူယူခဲ့ဖူးသည့် ဇာတ်ကောင်ထဲတွင် ဒီတစ်ကြိမ်ကတော့ တစ်စုံတစ်ယောက်ကို ဦးညွှတ်တာ ပထမဆုံး အကြိမ်ဖြစ်သည်။

"လုဖန်မိန် ... လှပတဲ့ နာမည်ပဲ။ မင်းမှာ အစ်မရှိတယ်လို့ ချင်ရှန်း ဆီကကြားခဲ့တယ်၊ သူကော မပါလာဘူးလား?" မိုချော ကသူ့လက်ကို ဝေ့ယမ်းပြကာ လုဖန်မိန် အားထဖို့ ပြလိုက်သည်။ သူက ဆက်လျှောက်သွားကာ ဧကရာဇ်ဆိုသည့် သူတည်နေရာကို မေ့နေပုံပေါ်သည်။

တန်ချင်းရှန် ကသူတို့က ဂရုတစိုက် ပြုမူနေကြတာကို ကြည့်နေခဲ့ပြီး ဝင်မပါပဲ အရာအားလံုး အဆင်ပြေနေတာကိုသာ ကြည့်နေခဲ့သည်။ ထို့အပြင် သူတို့အနားတွင် ဘယ်သူမှမရှိတာ သေချာအောင်လဲ ကြည့်နေခဲ့သည်။ နောက်ပြီး အခုသူတို့က နန်းတော်ထဲ ရောက်နေတာဖြစ်သည်။

လုဖန်မိန် ကပြန်ဖြေလိုက်သည်။ "အရှင်မင်းကြီး၊ ကျွန်တော်မျိုးအစ်မက လက်ရှိမှာ သခင်လေးဂျန် ရဲ့အိမ်တော်မှာ အနားယူနေလို့ မလာနိုင်တာပါ"

ထိုစကားကို ကြားလိုက်ပြီး မိုချော ရဲ့မျက်နှာက တွန့်ရှုံ့သွားသည်။ "အရှင်မင်းကြီးကို ထည့်ပြောနေစရာ မလိုပါဘူး။ ဘယ်သူမှ မရှိတဲ့အချိန်မှာ ဒီဘွဲ့ကို ဖြုတ်ထားလို့ရတယ်။ မင်းနဲ့မင်းအစ်မက ဒီစစ်ပွဲအတွင်း ကူညီပေးခဲ့တယ်လို့ ချင်ရှန်း ကပြောခဲ့တယ်"

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now