4.3

7.2K 867 11
                                    

Zawgyi

“အမေ၊ အဖေ” လီရှင်းဝူ က ဂျီဆိုးယု ကိုချလိုက်ပြီး အထဲကိုဝင်လိုက်ကာ ခေါ်လိုက်သည်။

“အချစ်လေး၊ သား နောက်က ကလေးမလေးက ဘယ်သူ့ကလေးလဲ?” ရှင်းဟာန ကခုံမှ ထလိုက်ပြီး လီရှင်းဝူ ဆီသို့ လျှောက်သွားပြီး အနောက်က ဂျီဆိုးယု ကိုနူးညံ့စွာပြုံးပြီး မေးလိုက်သည်။ ဂျီဆိုးယု ကသူမကို မေးလိုက်တာကြောင့် အရှေ့ကို ထွက်လိုက်ကာ နှုတ်ဆက်လိုက်သည်။

“ဟယ်လို၊ အန်တီ၊ သမီးနာမည်က ဂျီဆိုးယူပါ၊ အသက် ၆ နှစ်ရှိပါပြီ” လီရှင်းဝူ ကသူမ ခေါင်းလေးကို ပုတ်လိုက်ပြီး ပြုံးလိုက်သည်။

“အမေ သူမလေးကို ခေါ်လိုက်ရင် မကောင်းဘူးလား?” ရှင်းဟာန က လီရှင်းဝူ ကိုကြည့်လိုက်ပြီးနောက် ဂျီဆိုးယူ ကိုကြည့်လိုက်ပြီး သူမ နှလုံးသားက အရည်ပျော်သွားသည်။ သူမက အရှေ့ကို လျှောက်လိုက်ပြီး ဒူးကို ကွေးလိုက်ကာ ဂျီဆိုးယူ နဲ့မျက်နှာချင်းဆိုင်လိုက်သည်။

“ဂျီဆိုးယု သမီးမိဘတွေကော?” ဂျီဆိုးယု က ရှင်းဟာန ကိုကြည့်ပြီး သူမ မျက်လုံးကတော့ ဘာမှမပြောင်းလဲသွားပဲ ဖြေလိုက်သည်။

“သူတို့ မရှိတော့ဘူး၊ ကိုကိုက သမီးကို တွေ့ပြီး ခေါ်လာခဲ့တာ၊ သမီးက အန်တီနဲ့ မိသားစုဝင် ဖြစ်လာမယ်လို့ ပြောတယ်” ရှင်းဟာန က သူမလက်ကို ထုတ်လိုက်ပြီး ဂျီဆိုးယု ရဲ့လက်ကို ဂရုတစိုက် ကိုင်လိုက်သည်။ ဂျီဆိုးယု ပြောလိုက်တဲ့ စကားကြောင့် သူမမျက်လုံးတွင်လည်း ဝမ်းနည်းမှုတွေ ရှိနေသည်။

“ကောင်းပြီ၊ မိသားစုတွေ ဖြစ်ကြတာပေါ့၊ အခုကစပြီး အန်တီက သမီးရဲ့အမေ ဖြစ်လာပြီ၊ ဟုတ်ပြီလား?” ဂျီဆိုးယု က ရှင်းဟာန ရဲ့စကားကို ကြားလိုက်သည့်အခါ ပြုံးလိုက်ပြီး သူမ မျက်လုံးတွေကလည်း တောက်ပသွားသည်။

“ဟုတ်ကဲ့၊ မေမေ” သူမက ရှင်းဟာန ကိုဖက်လိုက်တာကြောင့် ရှင်းဟာန ကလည်း ပြန်ဖက်လိုက်သည်။ လီရှင်းဝူ ကသူတို့ကို ကြည့်ပြီး ပြုံးလိုက်သည်။ ဒီကိစ္စက အခုတော့ အခြေကျသွားပြီ၊ အခုကတော့ ကင်ဂျီယောင်း ကသူ့ခင်ပွန်းကို မတွေ့ခင် သူအရင် ရှာတွေ့ဖို့ကိုသာ အာရုံစိုက်ဖို့ လိုတော့တယ်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now