7.16

1.2K 190 3
                                    

Unicode

"အစ်မ၊ ရောက်နေတာ ကြာပြီလား?"

အခန်းထဲတွင် တန်ချင်းရှန် ကအလယ်တွင် ထိုင်နေပြီး သူ့ညာဘက်တွင် ရှန်းမင်ရှား ကထိုင်နေကာ ဂျန်နန်ကျန်း ကတော့ သူ့ဘယ်ဘက်တွင် ထိုင်နေစဉ် လုယင်ရွဲ့ ကို လုဖန်မိန် ကမေးလိုက်သည်။

လုယင်ရွဲ့ ကသူမရဲ့ အဖိုးတန် မောင်လေးကို တောက်ပစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မကြာသေးပါဘူး၊ သခင်မတန် ကလည်း နွေး‌ေနွး‌ေထွးထွေး ကြိုဆိုပါတယ်" သူမနှလုံးသားထဲက မငြိမ်မသက် ဖြစ်နေတာတောင် အသေးစိတ်ကို မပြောပေ။

"ကျွန်တော် သိပြီ။ သခင်မတန်က လူကောင်းတစ်ယောက်ပါ။ ဒီမှာ ကျွန်တော်နေတုန်း သူမနဲ့ စကားတွေပြောဖြစ်တယ်။ သူမက အရမ်းကို နွေးထွေးတယ်။ အစ်မလည်း ဒီမှာဆိုကောင်းလိမ့်မယ်" လုဖန်မိန် ကပျော်ရွှင်နေသည့် အကြည့်တွေနဲ့ ပြန်ဖြေလိုက်သည်။ သူ့အပြုံးတွေက အရင်ကထက် ပိုကျက်သရေရှိနေတာ‌ေကြာင့် သူ့ချောမောမှုတွေက ပိုတောက်ပသွားသည်။

ဒီအချက်ကြောင့် လုယင်ရွဲ့ ကလူတိုင်း မမြင်နိုင်သည့်နေရာမှ သူမလက်အား လက်သီးဆုပ်လိုက်သည်။ သူမမျက်နှာက အနည်းငယ် ပြုံးနေတာတောင် သူမမျက်လုံးတွေက ရှန်းမင်ရှား ကိုလှည့်ကြည့်လိုက်သည်။

လုဖန်မိန် ကတခြားအကြောင်းကို ပြောတော့မဲ့အချိန်တွင် တန်ချင်းရှန် ကသူ့နာမည်ကို ခေါ်လိုက်သည်။

လုဖန်မိန် ကသူ့ခေါင်းကို မော့လိုက်ပြီး ဘေးဘက်မှ လုယင်ရွဲ့ ကလည်း တန်ချင်းရှန် ကိုကြည့်လိုက်သည်။

သူတို့က တစ်ယောက်နဲ့ တစ်ယောက် ဝေးဝေးတွင် ထိုင်နေကြတာ မဟုတ်ပဲ စားပွဲကိုဝိုင်းကာ ထိုင်နေတာကြောင့် သူတို့က မျက်နှာချင်းဆိုင် ဖြစ်သည်။

လုဖန်မိန် ကသူ့စကားကို နားထောင်နေတာကို တန်ချင်းရှန် မြင်လိုက်သည်။ "မယ်တော်ကြီးက မင်းကိုလာပြီး သူမကို စစ်ဆေးကြည့်စေချင်နေတယ်။ ငါမနက် ညီလာခံတက်ရမှာမို့ ငါ့နောက်လိုက်ခဲ့ပြီး မင်းကို လိုက်ပို့ပေးမယ်" ထိုသို့ပြောလိုက်ရင်း အစေခံ‌ေတွက ဟင်းလျာတွေကို သယ်ဆောင်ကာ ဝင်လာကြသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now