3.6

9.3K 1.1K 16
                                    

Zawgyi

ဗစ်တာ သည် အဆင်အတန်းမြင့်တဲ့သူတွေနဲ့ စကားပြောရင်း သူ့လက်ထဲတွင် ဝိုင်ခွက်ကို ကိုင်ထားသည်။ အမှန်တိုင်း ပြောရရင် သူအာရုံစိုက်နေတယ်လို့ ဟန်ဆောင်နေတာ၊ သူ့အာရုံ တခြားနေရာတွင် ဖြစ်သည်။

သူ မာ့ခ် ရဲ့ pheromones ကိုတစ်နေရာရာမှာ ရှိနေတာကို ခံစားရပေမဲ့ ထိုလူက သူနဲ့လာပြီး စကားမပြောပေ။ ပြန်စဉ်းစားပြီး ဗစ်တာ သူ့ဘာသာ သွားလိုက်တာက ပိုကောင်းလိမ့်မယ်လို့ ထင်မိသည်။ ထို့နောက် သူ့ကိုယ်သူ အားပေးလိုက်ပြီး၊ လူတိုင်းရဲ့ အဝေးမှသွားနေကာ လသာဆောင်တွင် ပုန်းနေသည့် မာ့ခ် ဆီကို သွားလိုက်သည်။

“ဟေး” ဗစ်တာ ကပုံမှန် နှုတ်ဆက်လိုက်ပြီး မာ့ခ် ရဲ့ဘေးကို လျှောက်သွားလိုက်သည်။ ကောင်းကင်ကို မော့ကြည့်နေတဲ့ မာ့ခ် ရဲ့တစ်ဘက်ခြမ်းကို တွေ့လိုက်ပြီး သူ့မျက်လုံးထဲတွင် မရှင်းလင်းသည့် ခံစားချက်များကို တွေ့ရသည်။ မာ့ခ် သူ့မျက်နှာကို လှည့်လိုက်ပြီး ရင်းနှီးတဲ့ ပုံရိပ်လေးကြောင့် နှလုံးခုန်သွားလေသည်။

“ဟေး” သူ ထိုစကား တစ်လုံးထဲကို ပြောလိုက်ပေမဲ့ သူ့နှလုံးသားကတော့ တည်ငြိမ်အောင် မလုပ်နိုင်ပေ။ ဗစ်တာ သူ့မျက်ခုံးကို ပင့်ကာ ရုတ်တရက် ရယ်ပြလိုက်ပြီး ပြောလိုက်သည်။

“မင်းက ဒီလို ပုံစံမျိုး ပွဲတော်တွေကို သဘောမကျဘူးလို့ ငါခန့်မှန်းမိတယ်” ဗစ်တာ မာ့ခ် ရဲ့အဖြေက ဘာဖြစ်မလဲဆိုတာကို သိချင်တာကြောင့် သူ့နားကို စွင့်ကာ ဂရုတစိုက်ပြောလိုက်သည်။ မာ့ခ် တစ်စက္ကန့်လောက် တိတ်နေပြီး သူမဖြေခင် သူ့အဖြေကို ရွေးချယ်နေလေသည်။

“ဒီလို အရာတွေနဲ့ ငါ့မှာ ပြဿနာမရှိပါဘူး၊ အဲ့လို လူတွေအများကြီးနဲ့ စကားပြောရတာကို မကြိုက်ရုံပါပဲ။ တခြားသူတွေနဲ့ စကားပြောတာက ငါ့ရဲ့အကျင့် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလေ” ဗစ်တာ မာ့ခ် ရဲ့စကားတွေ သေချာနားထောင်လိုက်ပြီး ဟာသ တစ်ခုလုပ်ပြီး စ,လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ မျက်လုံးမှိတ်ပြလိုက်ပြီး ဗစ်တာ ပြောလိုက်သည်။

“ဒါဆို ငါက မင်းရဲ့ အထူးပေါ့လေ” ရုတ်တရက် မာ့ခ် ရဲ့မျက်နှာက ပိုပြီးအေးစက်သွားပြီး ရှက်သွားကာ သူ့နားတွေ နီသွားတာကို ဗစ်တာ တွေ့လိုက်လေသည်။ သူ့နှလုံးသားမှာ ခံစားချက်တွေကို မရပ်တန့်နိုင်ပဲ ဗစ်တာ ကခံစားချက် အစစ်အမှန်နဲ့ ရှက်ရွံ့ခြင်း မရှိပဲ တောက်ပစွာ ရယ်မောလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now