1. Memories...

4K 283 12
                                    

Unicode

#ဒါလေးပြန်စပြီနော် ဖတ်မဲ့သူကော ရှိသေးရဲ့လား 😐😐 ‌အရှေ့တုန်းက past/ real life ကိုနားမလည်တာ အခု arc မှာအကုန်ရှင်းသွားလိမ့်မယ်နော်. ၂ ရက်ခြား ၁ ပိုင်းတင်ပေးမယ် 👌

ဖေးချန်းချီ ကမျက်လုံးတွေကို ဖွင့်လိုက်သည်။ သူ့မျက်လုံးကို ဖွင့်လိုက်သည်နှင့် သူ့ကို ရပ်ကြည့်နေသည့် တခြားလူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဖေးချန်းချီ ကသူ့ကို မသိပေမဲ့ သူ့နှလုံးသားကတော့ သိနေခဲ့သည်။

"ဖေးရှန့်" ဖေးချန်းချီ ကသူ့အသံက နည်းနည်းဩနေတာကို ကြားလိုက်ရသည်။

သူ့မျက်လုံးတွေကို အာရုံစိုက်လိုက်ရင်း သူ့အမြင်တွေက ပိုကြည်လင်လာခဲ့သည်။ သူ့ရှေ့တွင် ငယ်ရွယ်ပြီး ကျက်သရေရှိသည့်လူက ရပ်နေခဲ့သည်။ သူ့အနက်ရောင် ဆံပင်ရှည်တွေက အနက်ရောင် ဖဲကြိုးနဲ့ ချည်ထားသည်။ သူ့ခါးတွင် အနီရောင်ဓားကို ချိတ်ထားပြီး ကျောက်စိမ်းပန်းဖွားကို ချိတ်ထားသည်။

သူ့တွင် ဖီးနစ်လို မျက်ဝန်းတွေရှိပြီး ထောင့်ဘက်က အနည်းငယ် ကွေးနေသည်။ အနီရောင် နှုတ်ခမ်းပါးနှင့် အဝါဖျော့ရောင် အသားအရည်ရှိသည်။ အညိုရောင် မျက်လုံးတွေက တောက်ပနေပြီး ဖြောင့်တန်းသည့် နှာတံရှိသည်။

သူ့မျက်နှာက ယောင်္ကျားဆန်မှုနဲ့ မိန်းမဆန်မှုက ရောနေပြီး သူ့အသွင်အပြင်တွင် ကျက်သရေရှိပြီး တည်ငြိမ်မှုတွေလည်း ရှိနေသည်။ ဖေးရှန့် ကပြုံးလိုက်သည်။

"ချန်းချီ၊ မင်း ပြန်လာနိုင်ပြီ" ယောင်္ကျားပီသသည့် အသွင်အပြင်နှင့် ဆန့်ကျင်စွာဖြင့် သူ့အသံက ချောမွေ့နေသည်။ ဖေးရှန့် ကနူးညံ့စွာ ပြုံးလိုက်ရင်း လျှောက်လာခဲ့သည်။

ဖေးချန်းချီ ကထ,ထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်က ပင်ပန်းနေသလို ခံစားလိုက်ရသည်။ ထထိုင်လိုက်ချိန်တွင် သူ့ခေါင်းမှ နာကျင်မှုကိုလည်း ခံစားလိုက်ရသည်။

သူ့ဆံပင်ရှည်ကြီးက လှုပ်ရှားသွားတာကို ခံစားမိလိုက်ပြီး တောက်ပနေသည့် အဖြူရောင် ဆံပင်ကို ကြည့်လိုက်သည်။ ဖေးချန်းချီ ကသူ့မျက်လုံးကို နာကျင်မှုကြောင့် မှိတ်လိုက်ပြီးနောက် မေးလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now