3...

1.2K 167 3
                                    

Unicode

ဖေးချန်းချီ ကသူ့ရှေ့က လူကို စိုက်ကြည့်လိုက်သည်။ အခုတော့ ယို့ယွင်းနေတဲ့ အိမ်ကနေ သူနိုးလာခဲ့တာ ၆ နှစ်ကုန်ဆုံးသွားခဲ့သည်။

ထိုနေ့ကတည်းက ဖေးချန်းချီ ကပိုသန်မာလာဖို့ သစ္စာဆိုခဲ့ပြီး သူ့ကို ကယ်တင်ပေးခဲ့ပြီး 'ပိုင်'ဆိုသည့် ဆွဲပြားကို ထားရစ်ခဲ့သည့်သူကို ရှာနေခဲ့သည်။

အခုတော့ ဖေးချန်းချီ ကဆယ်ကျော်သက် အရွယ်ကို ရောက်နေခဲ့ပြီ။ သူ့အသွင်အပြင်က အရွယ်ရောက်လာခဲ့သည်။ များစွာသော လူအုပ်ထဲမှ သူက အလွယ်လေး ရှာဖွေနိုင်သည်။

သူ့ပုံစံက ရှည်လျားပြီး သန်မာနေကာ သူ့ဖီးနစ် မျက်လုံးတွေက စူးရှနေသည်။ ရှည်လျားသည့် အဖြူရောင် ဆံပင်နှင့် အပြာရောင် မျက်လုံးတွေနဲ့အတူ ဖူရွှေ့ဂိုဏ်းက အကြီးအကဲအများစုက သူ့ကို စိုက်ကြည့်နေခဲ့ကြသည်။

အဖြူရောင် ဝတ်ရုံကို ဝတ်ထားပြီး ဖေးချန်းချီ ရဲ့နှုတ်ခမ်းပါးက နူးညံ့စွာ ကွေးနေခဲ့သည်။ သူ့မျက်နှာတွင် ကလေးဆန်သည့် ပါးဖောင်းဖောင်းလေးက ရှိနေပြီး အရင်နှစ်က သူ့မျက်နှာလေးကို အလွယ်တကူ ပြန်ပြောနိုင်သည်။

ဖေးချန်းချီ ကမတ်တပ်ရပ်နေကာ သူ့လက်ထဲတွင် စာလိပ်လေး တစ်လိပ်ကို ကိုင်ထားပြီး သူ့မျက်လုံးက လိုက်ကြည့်နေခဲ့သည်။ သူ့တင်ပါးတွင် နဂါးပုံပေါ်ထားသည့် ကျောက်စိမ်းပြားကို ချိတ်ထားသည်။

ဒီနှစ်တွေတစ်လျှောက် ဖေးချန်းချီ ကသူ့အချိန်တွေကို စူးစမ်းလေ့လာမှုဖြင့် အချိန်ဖြုန်းခဲ့သည်။ သစ်တောပေါင်းများစွာ ဝင်ရောက်ခဲ့ပြီး ချန်းလီဟွေ့ ရဲ့စကားအတိုင်း ရတနာတွေကို ရှာဖွေခဲ့သည်။

အခု သူ့အသက် ၁၆ နှစ်တွင် အခြေတည်အဆင့် ပဉ္စမအဆင့်ကို ရောက်နေပြီ ဖြစ်သည်။ အန္တရာယ်များသည့် တောထဲတွင် သူ့အိမ်လို နေထိုင်ခဲ့ပြီး ဂူတွေထဲမှ များပြားလှသည့် ရှားပါးရတနာ ဆေးလုံးလို ရှားပါးသည့် ထွင်လုံးတွေနဲ့ စာအုပ်တွေကို တွေ့ရှိခဲ့သည်။

"ဒီလူ၊ သူ့ကို တပည့်အနေနဲ့ ကျွန်မ လိုချင်တယ်" ချက်ချင်းပင် တစ်စုံတစ်ယောက်က ဖေးချန်းချီ ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now