22...

707 97 4
                                    

Unicode

“ချန်းချီ၊ တံခါးဖွင့်လိုက်” တံခါးအပြင်မှ လူတစ်ယောက်က ရပ်နေခဲ့သည်။ သူ့အညိုရောင် မျက်လုံးတွေက စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေပြီး သူ့မျက်နှာတွင် ပူပန်မှုက တည်ရှိနေသည်။

ဖေးချန်းချီ ကထိုလူအသံကို ကြားလိုက်သည်။ သူမော့ကြည့်လိုက်သည်။ သူ့အပြာရောင် မျက်လုံးထဲမှ အနက်ရောင် အလင်းတွေက ပျောက်ပျက်သွားပြီး လှောင်ပြုံးမှတဆင့် အပြုံးဖျော့လေးဆီ ပြောင်းသွားခဲ့သည်။

တစ်ခုခု မှားယွင်းနေသလိုမျိုး ဘာအရိပ်အယောင်မှ မရှိပေ။ လုံးဝကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားသည်။ ဖေးချန်းချီ ကထ,ရပ်လိုက်ပြီး တံခါးဆီကို လျှောက်သွားရင်း ဖွင့်လိုက်သည်။

“ဖေးရှန့်”

“အစ်ကို၊ အစ်ကို အဆင်ပြေရဲ့လား?” ဖေးရှန့် ကအရင်အတိုင်းပင်။ အခုတော့ သူက ပိုအသက်ကြီးလာသော်လည်း သူ့မျက်နှာက အရင်အတိုင်းပင်။

ထိုလူက အပြာရောင်ကို ဝတ်ဆင်ထားပြီး မျက်ခုံးတွေက ကြုတ်နေခဲ့သည်။ ဖေးချန်းချီ ကပါးစပ်ကို ဖွင့်လိုက်ပြီးနောက် ပိတ်လိုက်သည်။ နောက်ဆုံးတွင် အပြုံးလေးကို ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။

“အင်း၊ ငါ... ဒါက ငါ့အမှားလည်းဖြစ်တယ်လို့ သိခဲ့တယ်” သူက လျှောက်သွားရင်း ပြောလိုက်သည်။ ဖေးရှန့် ကစိတ်ပူပန်နေပြီး ဖေးချန်းချီ ကအပြင်ကို ထွက်လိုက်သည်။

“သွားရအောင်။ လတ်ဆတ်တဲ့လေရဖို့ လိုအပ်တယ်။ ဘာပဲဖြစ်ဖြစ် အရာအားလုံးက ဖြစ်ပျက်ခဲ့ပြီးပြီ” ဖေးချန်းချီ ရဲ့အသံက ပေါ့ပါးနေပြီး သူ့မျက်လုံးထဲတွင် အနက်ရောင်အရိပ်က ပြေးလွှားသွားကာ ဖေးရှန့် ကတော့ မသိလိုက်ပေ။

အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့အသားအရည်က ပိုပြီးတော့တောင် ဖြူဖွေးနေကာ သူ့အဖြူရောင် ဆံပင်တွေက ကျောဘက်တွင် ကျနေခဲ့သည်။ ဖေးရှန့် ကမျက်မှောင် ကြုတ်လိုက်ပေမဲ့ အနောက်ကို လိုက်သွားခဲ့သည်။

“အစ်ကို၊ ဒါ.. ဒါက အစ်ကို့ အမှားမဟုတ်ပါဘူး။ ဒဏ်ရာတွေက နာကျင်နေဦးမယ်ဆိုတာ ကျွန်တော်သိပေမဲ့ အစ်ကို့အတွက် ဒီနေရာမှာ တခြားလူတွေလည်း ရှိနေပေးတယ်ဆိုတာကို အစ်ကိုသိစေချင်တယ်”

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now