2.16

11.9K 1.3K 4
                                    

Zawgyi

ဒန်နီရယ် ပြုံးလိုက်သည်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရို့စ် ဒီလိုမျိုး ရူးသွပ်သွားလိမ့်မယ်လို့ သူ မမျှော်လင့်မိခဲ့ဘူး။ ဒီနှစ်တွေမှာ တစ်စုံတစ်ယောက်ကတော့ ခိုင်မြဲစွာ ကျန်ရှိနေအတွက် နောက်ဆုံးမှာ သူမသည် ဒီလို ဗွီဒီယိုများကို တစ်ကမ္ဘာလုံး ထုတ်ဖော်ပြပြီး ဆုံးရှုံးသွားစေသည်။

သူမအတွက်တော့ ဒါကလွယ်ကူတဲ့ နည်းလမ်းပဲ။ ရို့စ် ကသူမ တစ်ဘဝလုံး နှိပ်စက်ခဲ့တာတွေကြောင့် ထောင်ထဲမှာ ကုန်ဆုံးတာတွေ အဲ့ဒါတွေထက်တောင် ဆိုးသင့်သေးတယ်။ ဒန်နီရယ် က ရို့စ် ရဲ့ဘဝကို ထိုအရာတွေထက် အဆိုးရွားဆုံး လုပ်ဖို့သေချာအောင် တွေးထားခဲ့သည်။

သို့သော် သူမသေဆုံးမှုကြောင့် ရို့စ် ကသူမ တစ်ဘဝလုံးစာအတွက် ဆိုးရွားတဲ့အကျင့်တွေက လွတ်မြောက်ခဲ့သည်။ သူမက အမျိုးသမီး တစ်ယောက်ကို သေဆုံးဖို့ကို တိုက်ရိုက် မဟုတ်ပဲ ဖိအားတွေပေးခဲ့ပြီး ခြိမ်းခြောက်တယ်၊ ယောင်္ကျားတစ်ယောက်ကို တွန်းအားပေးပြီး သူမကိုလက်ထပ်စေခဲ့တယ်၊ သူမတောင်မကပဲ ကလေးတစ်ယောက်ကိုတောင် နှိပ်စက်ခဲ့တယ်၊ ထပ်ပြီး သူမက တစ်စုံတစ်ယောက်ရဲ့ နှလုံးကိုတောင် ထုတ်ပေးဖို့ တွန်းအားပေးခဲ့သည်။

ဒန်နီရယ် ထိုအတွေးတွေကို ဂရုမစိုက်ပေ။ ရို့စ် ကဒီကမ္ဘာကနေ ထွက်သွားပြီ ဖြစ်တာကြောင့် ကမ္ဘာကြီးက ရှင်သန်နေထိုင်ရတာ ပိုကောင်းလာပြီ။ အခုတော့ ရို့စ် ကမရှိတော့ဘူး၊ အာဗန် ပဲကျန်တော့တယ်။ အာဗန် က အန်ဒီ ကိုလိုက်ရှာနေခဲ့သည်။

ဒါပေမဲ့ ပထမဦးဆုံး သူတစ်စုံတစ်ယောက်ဆီကို အလည်သွားချင်တယ်။ သီအိုစတိုလင်, ဒန်နီရယ် သူ့ကိုကူညီပေးချင်တယ်၊ အန်ဒီ နဲ့တစ်ယောက်ကို တစ်ယောက် နားလည်အောင် ကူညီချင်တယ်။ နောင်တတွေ မကျန်ခဲ့အောင်၊ သူတို့ကွဲကွာနေတဲ့ ဆက်ဆံရေးတွေ ပြန်နီးကပ်လာအောင် လုပ်ပေးချင်သည်။

အာဗန် ချက်ချင်းပဲ မတ်တပ်ရပ်လိုက်ပြီး သူ့မျက်လုံးတွေကတော့ ပြူးသွားပြီး တုန်လှုပ်သွားလေသည်။

“မင်းဘာပြောလိုက်တာလဲ?!” အာဗန် ထိုလူကို စိုက်ကြည့်ကာ မေးလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now