5.11.5

2.8K 378 5
                                    

Zawgyi

Real World

ဖေးရှန့် မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့ရှေ့တွင် ခရမ်းရောင် မျက်လုံးနဲ့ လူတစ်ယောက်က ရပ်နေပြီး သူ့ကို စိုက်ကြည့်နေခဲ့သည်။

"ဘယ်လိုလဲ?" ဇူးလုရွှီ မေးလိုက်ပြီး သူ့မျက်လုံးတွေကလည်း မျှော်လင့်နေတာကို မြင်တွေ့ရသည်။ ဖေးရှန့် သူ့မျက်နှာက မျက်နှာဖုံးကို ဖြုတ်လိုက်ပြီး သူ့ဘေးက စားပွဲပေါ်ကို တင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ပြင်ဆင်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"မတူတော့ဘူး။ ဒါက အကောင်းဆုံးလည်း ဖြစ်နိုင်တယ်၊ မကောင်းတာလည်း ဖြစ်နိုင်တယ်။ သူ့မှတ်ဉာဏ်တွေကို ပြန်ရလာပြီ။ ဒါက အချိန်အနည်းငယ်ပဲ ကြာပေမဲ့ အနည်းဆုံးတော့ အရာအားလုံးက နေရာအတည်တကျဖြစ်လာပြီ"

လှဲနေတဲ့ အိပ်ရာကနေ ထ,ထိုင်လိုက်ပြီး သူ့ကိုယ်ပေါ်က စောင်ကို ဖယ်လိုက်ကာ ဝတ်ရုံရှည်ကို ဆွဲယူလိုက်သည်။

"နောက်ပြီး မင်းဘက်ကကော ဘယ်လိုလဲ?" ဇူးလုရွှီ မျက်လုံးတွေက အနည်းငယ် တုန်ခါနေပြီး သူ့လျှာကို ကိုက်ထားပြီး နောက်ဆုံးတော့ သက်ပြင်းချလိုက်သည်။
"အခုတော့ တည်ငြိမ်နေပါပြီ။ စတုတ္ထကမ္ဘာက အခြေအနေတွေ ပြီးသွားရင် သူ့ခန္ဓာကိုယ် အခြေအနေက ထိန်းချုပ်မှု လွတ်သွားလိမ့်မယ်။ အခုချိန်မှာ သူ့စိတ်ဝိဉာဉ်က ရှုပ်ထွေးနေပေမဲ့ ကိစ္စအနည်းငယ်ကိုတော့ မှတ်မိလာပုံပဲ။ ငါတို့ကမ္ဘာကို ဖေးချန်းချီ ပြန်လာဖို့ မင်းဘယ်လိုဆက်လုပ်မှာလဲ? အခြေအနေက ဆက်သွားဖို့ မင်းလုပ်နိုင်တဲ့ နည်းလမ်းမရှိဘူး"

ဖေးရှန့် မတ်တပ်ရပ်လိုက်ပြီး သူ့ဘေးက စာလိပ်ကို ဆွဲလိုက်သည်။ ဘာတွေပဲဖြစ်ဖြစ် သူပြန်လာလိမ့်မယ်။

"ဒီလိုမျိုးဖြစ်လာအောင် ကျွန်တော်အားလုံးကို စီစဉ်ထားခဲ့တယ်။ ဒုတိယ ကမ္ဘာမတိုင်ခင်ကတည်းက သူနဲ့ ဆက်သွယ်မှုတွေ စတင်ခဲ့တယ်။ သူပြန်ဝင်စားနိုင်ဖို့ ကမ္ဘာနဲ့အမှီ လုပ်ဆောင်နိုင်မဲ့ သူ့ဘေးမှာ အရာတစ်ခုကိုလည်း ဖန်တီးထားခဲ့တယ်။ ဒီလိုမျိုးနဲ့ သူဖွင့်လိုက်တာနဲ့ နောက်ဆုံးမှာ သူ့နယ်နိမိတ်ကို ဖြတ်ကျော်ခဲ့တယ်။ အခြေအနေက ဘယ်လိုပဲ ဖြစ်လာပါစေ အဖြစ်အပျက် တစ်ခုကတော့ ဖြစ်လာလိမ့်မယ်။ အဲ့အဖြစ်အပျက်ကလည်း ဒီကမ္ဘာကို သူ့ကိုပို့ပေးလိမ့်မယ်"

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now