Final Extra: Conclusion & New Beginning

4.7K 199 13
                                    

Unicode

ဘယ်လောက်ဘဝအထိ အတူတူရှိကြနိုင်ကြလိမ့်မလဲ? အတိတ်ဘဝက ပြဿနာတွေ ဘယ်လောက်ပဲရှိနေခဲ့ပါစေ နောက်ဘဝကတော့ ဆက်ရှိလာဦးမှာပဲ။

စုလျန်ဟေး အတွက်တော့ အချိန်တွေ ပြောင်းသွားတာတောင် ဘာမှမထူးခြားပေ။ နောက်ပြီး တစ်ချိန်က ချစ်ခဲ့တဲ့လူတစ်ယောက်ကို ပြန်ဆုံတွေ့ရဖို့၊ မင်းရည်စားဟောင်းက လူသစ်ဖြစ်လာပြီးနောက် မင်းအတွက် သူ့ကမ္ဘာကြီးကို စွန့်လွှတ်ပေးခဲ့တာတွေက လေးလံတဲ့အရာတွေ ဖြစ်ခဲ့ပုံပင်။

သူ ပင်ပန်းနေခဲ့သည်။ သို့သော် မဖြေရှင်းရသေးတဲ့ ပြဿနာတွေကြောင့် အတိတ်ဘဝက သူ့အား ဒီနေရာတွင်သာ ချည်နှောင်ထားခဲ့သည်။

နှစ်တစ်သောင်းလောက် ကုန်ဆုံးသွားတာတောင် သူ့စိတ်ဝိဉာဉ်ကတော့ အချစ်ကနေ အမုန်းတရားအဖြစ် ပြောင်းလဲသွားသည့်လူက တံဆိပ်ခတ်ထားခဲ့သည်။ နှစ်တစ်သောင်း ကုန်သွားပြီးနောက် သူချစ်ခဲ့ဖူးသည့်လူရဲ့ ပုံစံအသစ်ကို မြင်တွေ့ခဲ့ရသည်။ နှစ်တစ်သောင်း ကုန်သွားပြီးနောက် သူ့ရည်းစားဟောင်းရဲ့ တခြားအသေးစိတ်ကို ကြုံတွေ့ခဲ့ရသည်။

သူမပင်ပန်းဖူးလို့ ပြောချင်ပေမဲ့ ဒါက အလိမ်အညာပင်။ များပြားလှသည့် သစ္စာဖောက်မှုတွေ ပြီးသွားတာတောင် များပြားလှသည့် အလိမ်အညာတွေ ပြီးသွားတာတောင် သူ့ကိုချန်ထားခဲ့တဲ့လူကို မမုန်းတီးနိုင်ခဲ့ပေ။ သူ့မျက်စိရှေ့တွင် တခြားလူကို ကယ်တင်ခဲ့တဲ့သူအား သူမမေ့နိုင်ခဲ့ပေ။ ကယ်တင်ခံခဲ့ရတဲ့ လူဆီမှ အငြင်းမခံ၇ခင် ကြုံတွေ့ရသည့် ဒုက္ခတွေကို သတိရချိန်မှာ သူ့ဒေါသကို မမေ့နိုင်ပေ။

အဆုံးမှာတော့ ဒီဘဝက အရင်အတိုင်း မခြားနားပေ။

“မင်းဘာတွေတွေးနေတာလဲ?” ရန်မန်ယု ကအိပ်ရာပေါ်တွင် လှဲလျောင်းနေသည့်လူကို ကြည့်လိုက်သည်။ သူ့အဝါရောင် မျက်လုံးတွေက မဲမှောင်နေသည့် အရိပ်အယောင်ဖြင့် ငုံ့ကြည့်နေခဲ့သည်။ သူ့အနီရောင် နှုတ်ခမ်းက ကွေးနေပြီး သူ့သန်မာပြီး တောင့်တင်းသည့် အသွင်အပြင်က ရုတ်တရက် စုလျန်ဟေး ရဲ့ခါးကိုချိတ်လိုက်သည်။ “သူ့အကြောင်း မတွေးဘူးလို့ ငါထင်တယ်။ နောက်ဆုံးဘဝမှာတောင် သူက မင်းကိုထားခဲ့ပြီး ဇူးလုံဝမ် နဲ့လက်ထပ်ခဲ့တယ်။ ဒီဘဝကလည်း မခြားနားဘူး။ အခုကသာ ငါက မင်းကို ငါနဲ့အတူ ချည်နှောင်ထားခဲ့တာ”

🎉 You've finished reading 𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳ 🎉
𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now