1.18

22.1K 2.4K 87
                                    

Zawgyi

“ကြင်ယာတော်ရန်၊ မင်းရဲ့စကားတွေကို သတိထားပါ၊ မဟုတ်ရင် မင်းမျိုချနိုင်တာထက် မင်းဘာသာ ကိုက်မိလိမ့်မယ်၊(ကိုယ့်ရှူးကိုယ်ပတ်မိလိမ့်မယ်) ငါနန်းတော်မှာ ရှိနေတာ သိပ်မကြာသေးတာကြောင့် ဒီလို အကြံအစည်တွေနဲ့ ငါ့ကိုဆွဲချနိုင်လိမ့်မယ်လို့ မထင်ပါနဲ့”

ရှီလျန် ရဲ့စကားအဓိပ္ပါယ်ကို နားထောင်ကြည့်ရင် သူလုံးဝကို စိုးရိမ်နေတဲ့ပုံမပေါ်ပေ။ သူ့စိတ်ထဲမှာ လုံးဝကို ယုံကြည်နေသည်။ အရင်ဘဝတုန်းက ကြင်ယာတော်ရန်က သူ့ကို ဆန့်ကျင်ဖို့ အကြံအစည်တွေ အများကြီးပြုလုပ်ခဲ့သူဖြစ်ပြီး ကိုယ်လုပ်တော်တွေ အများအပြားကိုလည်း ပျက်စီးအောင် ပြုလုပ်ခဲ့တာလည်း ဖြစ်သည်။

ရှီလျန် ရဲ့စကားကြောင့် ကြင်ယာတော်ရန် ကသာယာပျော်ရွှင်ဖွယ် ရယ်မောလိုက်လေသည်။

“ကြင်ယာတော်ရှီ၊ ကျွန်မ အဲ့ဒီလိုမဆိုလိုပါဘူး။ ရှင်နဲ့မတူဘူး၊ တစ်စုံတစ်ယောက်က ဟောင်ပဲဟောင်တတ်ပြီး မကိုက်တတ်ဘူးလေ။ ကျွန်မက အမြဲတမ်း ကျွန်မရဲ့ပုံစံအမှန်ကို ပြသတတ်တာပါ။ ကြင်ယာတော်ရှီ၊ ကျွန်မ ဘာကိုဆိုလိုလဲဆိုတာကို ရှင်သေချာပေါက် သိလိမ့်မယ်လို့ ကျွန်မထင်ပါတယ်၊ နောက်ပြီး ကျွန်မကမသေချာတဲ့ ကောလဟာလတွေ အပေါ်မူတည်ပြီး ပြောမှာ မဟုတ်ဘူးဆိုတာလည်း ရှင်သိပြီးသားနေမှာပါ။ အဲ့လိုလုပ်တာက ကျွန်မရဲ့ပုံစံ မဟုတ်ဘူးလေ၊ သဘောတူတယ်မလား၊ ကြင်ယာတော်ရှီ?”

ရှီလျန် ကအံကိုကြိတ်လိုက်ပြီး သူ့ရဲ့စိတ်တိုနေတဲ့ပုံစံကို တည်ငြိမ်နေတဲ့ မျက်နှာဖုံးဖြင့် ကွယ်ဝှက်ထားလိုက်သည်။ အရာအားလုံးက ဒီလိုမျိုးမဖြစ်လာသင့်ဘူး၊ သူလိုချင်တဲ့ အတိုင်းဖြစ်လာရမှာလေ။

ဘာကြောင့် သူ့ကိုတိုးတက်လာဖို့ အခွင့်အရေးကို နောက်တစ်ကြိမ် ထပ်မပေးရတာလဲ? သူဘာကြောင့် ကျရှုံးတယ်ဆိုတာ အရေးမကြီးဘူး။

“လုံလောက်ပြီ၊ ပြော ကြင်ယာတော်ရန်” ရှုယောင်ဟန် ပိုင်မန်ရှောင် ရဲ့ညှိုးငယ်နေတဲ့ မျက်နှာအမူအရာကိုတွေ့ပြီး သူအချိန် ထပ်မဆွဲချင်တော့၊ သူသူ့ကိုထားခဲ့မိတဲ့ ထိုနေ့အကြောင်းကို တွေးနေမိသွားတာကို သူသိသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now