39...

973 129 1
                                    

Unicode

“မကြည့်နဲ့!”

ဇူးလုံဝမ် ကရပ်သွားခဲ့သည်။ ဖေးရှန့် ကသူ့ခြံဝန်းထဲကို ဝင်ခွင့်မပြုပဲ တွင်တွင်ငြင်းဆန်နေသည်။ ဇူးလုံဝမ် ကမျက်မှောင် ကြုတ်လိုက်သည်။ ထိုလူက မကြာခင် ပြန်လာခဲ့မယ်လို့ ပြောခဲ့သည်။ သို့သော် ဖေးချန်းချီ ကသူ့ကို အသိမပေးပဲ ရက်အနည်းငယ်လောက် ပျောက်သွားခဲ့သည်။ အခုတော့ ဖေးရှန့် ကဘာပဲဖြစ်ဖြစ် ဝင်ခွင့်မပေးပဲ သူ့ဂိတ်ပေါက်အား စောင့်ကြပ်နေခဲ့သည်။

“သူအခု ဘာလုပ်နေတာလဲ?” ဇူးလုံဝမ် ကစိုးရိမ်နေသည်။ ထိုလူက အရာရာတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောပြတက်သည်။ အခုတော့ စကားတစ်လုံးတောင် မပြောပဲ ပျောက်သွားတာကြောင့် ဇူးလုံဝမ် ကကြောက်ပြီး စိုးရိမ်နေသည်။

ဖေးရှန့် ကအထဲကို ကြည့်လိုက်ပြီး သူ့မျက်နှာက နည်းနည်းတော့ စိုးရိမ်နေသည်။ “အချိန်ခဏလောက် သူက အေးအေးချမ်းချမ်းနဲ့ တိတ်တိတ်လေး နေဖို့လိုအပ်တယ်။ အခုတော့ သူအဲ့လိုနေတာက ရက်အနည်းငယ်တော့ ရှိနေပြီ။ ဘယ်သူမှ မဝင်ကြဘူး။ သူက ဝင်လာမှာကို တားမြစ်ထားတယ်” သူက သက်ပြင်းချလိုက်သည်။ “ကျွန်တော်တို့ စောင့်လို့ပဲရမယ်”

ဇူးလုံဝမ် ရဲ့နှုတ်ခမ်းက တင်းစေ့သွားပြီး သူ့ဘေးမှ လက်က ဆုပ်သွားခဲ့သည်။ သူဘာလုပ်နေတာလဲ?

ဇူးလုံဝမ် ရဲ့မျက်နှာမှ စိုးရိမ်နေမှုအား ဖေးရှန့် မြင်လိုက်ပြီး ခဏလောက်တော့ တုန့်ခနဲဖြစ်သွားခဲ့သည်။ သူ့အစ်ကိုက ဇူးလုံဝမ် အားတက်နိုင်သလောက် တားထားပြီး အရူးလုပ်ထားဖို့ကို ပြောခဲ့ပေမဲ့ ဇူးလုံဝမ် ကသူတို့ ခန့်မှန်းထားသည့် အချိန်ထက်စောပြီး ရောက်လာခဲ့သည်။

ဇူးလုံဝမ် ကနှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အသက်ရှူသွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်က တစ်ခုခု ဖြစ်နေလို့လား? ဒီရက်တွေတွင် ထိုလူက ပိုအိပ်သည်။ သူလေ့ကျင့်ပြီး ပုံမှန်အတိုင်း ကျင့်ကြံသော်လည်း ပိုအိပ်နေတုန်းပင်။ သူ့နှလုံးသားထဲတွင် စိုးရိမ်လာမှုအား မတားဆီးနိုင်ပေ။ ဖေးချန်းချီ ကသူ့အား အသေးအဖွဲလေးတောင် ဂရုစိုက်ပေးပြီး သူ့ကို ကူညီပေးသည်။ အခုတော့ တစ်ခုခု ဖြစ်နေပြီး ဘာဖြစ်နေလဲဆိုတာ သဲလွန်စတောင် ရှာမရပေ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now