4.2

8.8K 923 9
                                    

Zawgyi

လီရှင်းဝူ က သူ့စကားတွေကြောင့် လီဟွမ်ယန် နဲ့ ရှင်းဟာန တို့ရဲ့တုန့်ပြန်ချက်နဲ့ ကိုကြည့်လိုက်သည်။ ရှင်းဟာန ကသူ့စကားတွေကို ကြားလိုက်တဲ့အခါမှာ ပိုပြီး အာရုံစိုက်ကာ သူမရဲ့ ခန္ဓာကိုယ်က အေးစက်သွားတာကို သူသတိထားမိသည်။

"အချစ်လေး၊ သား နဲ့ သားရဲ့အဖေကို ဆုံးရှုံးရမှာထက် တခြားအရာတွေ ဆုံးရှုံးရမှာကို ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးဘူး။ အမေတို့ကို သားဘာကိုပြတာပဲ ဖြစ်ဖြစ် အရေးမကြီပါဘူး၊ အမေ ကသားကို ဘယ်တော့မှ မုန်းမှာ မဟုတ်ဘူး။ အမေ ထောက်ခံပေးတယ်။

အမေက သားကို မွေးခဲ့ပေးတာ မဟုတ်ပေမဲ့ အမေ့နှလုံးသားရဲ့ နေရာတိုင်းမှာ သားကိုပဲ ချစ်နေတာပါ။ ဘာမှ ဖုံးကွယ်မထားပါနဲ့၊ အမေ့ကို ပြောပါ။ သားရဲ့ အမေအဖြစ် သားရဲ့ ဘက်မှာ အမေက အမြဲတမ်းရှိနေမှာပါ"

ရှင်းဟာန ရှေ့ကို လျှောက်လာပြီး လီရှင်းဝူ ရဲ့မျက်နှာကို ဂရုတစိုက်ထိလိုက်ကာ နူးညံ့စွာ ပြုံးလိုက်သည်။ လီဟွမ်ယန် ကလည်း ရှေ့တိုးလာပြီး သူ့လက်ကို ရှင်းဟာန ရဲ့ပုခုံးပေါ်တွင် တင်လိုက်သည်။

"ချစ်လေး၊ သိပ်ပြီး စိတ်မလှုပ်ရှားပါနဲ့၊ သူပြောတဲ့ စကားတွေက အဲ့လိုမျိုး ဆိုလိုတာမဟုတ်မှန်း သေချာတယ်။ ရှင်းဝူ ငါတို့ ဒီနေရာမှာ အမြဲရှိနေမှာပါ၊ ဘာမှ မစိုးရိမ်ပဲ ပြောလိုက်ပါ" လီဟွမ်ယန် က လီရှင်းဝူ ကို ကြည့်လိုက်ပြီး အားပေးလိုက်သည်။

လီရှင်းဝူ ကသူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရှင်းဟာန ရဲ့လက်ကို ဖြုတ်လိုက်ပြီး လှမ်းလိုက်ကာ သူ့မျက်လုံးတွင်လည်း စိတ်ရှုပ်ထွေးမှုတွေ ရှိနေသည်။ ရှင်းဟာန ရဲ့မျက်လုံးထဲတွင်လည်း စိုးရိမ်နေမှုတွေ ရှိနေသည်။

"ဇွန်ဘီတွေ စတင်တိုက်ခိုက်ပြီး မကြာခင်မှာ ကျွန်တော် အဲ့ဒါကိုတွေ့ခဲ့တယ်၊ ပုံမှန်ဖြစ်မှန်း မသိတာကြောင့် ကျွန်တော့် ပြောသင့်လား၊ မပြောသင့်လား ဆိုတာ မသိဘူး" ထိုစကားကို ပြောပြီး သူတို့ရဲ့ စောင့်ကြည့်နေတဲ့ အကြည့်တွေ အောက်မှာ သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now