21...

688 101 8
                                    

Unicode

ဖေးချန်းချီ က ဇူးလုံဝမ် ကိုစိုက်ကြည့်လိုက်သည်။ ဒီစကားတွေက သူ့ကို ပျော်ရွှင်စေပေမဲ့ သူ မပျော်နိုင်ပေ။

“မလိမ်နဲ့၊ လုံဝမ်” ဖေးချန်းချီ ကအံကြိတ်ကာ ခေါင်းခါလိုက်သည်။ “အခု မင်းဘာကို လိမ်ချင်နေတာလဲ? လူတိုင်းက ငါ့ကို လိမ်ညာခဲ့ကြတယ်”

သူ့တုန့်ပြန်မှုကို ကြားလိုက်ပြီး ဇူးလုံဝမ် ကထိုလူဆီ ရောက်ချင်ပေမဲ့ သူ့ဘာသာ ရပ်လိုက်သည်။

“ဖေးရှန့် ကစိုးရိမ်နေတယ်။ မသေမျိုးထျန် နဲ့မင်းစီနီယာ အစ်ကို၊ အစ်မတွေက မင်းကို စိုးရိမ်နေကြတယ်။ မင်းဂျူနီယာ ညီမကလည်း မင်းကို ရောက်လာစေချင်ပေမဲ့ မင်းက မင်းတောင်ကြားမှာပဲ ပုန်းကွယ်ပြီး နေနေတယ်” ထိုအရာကို ကြားလိုက်ပြီး ဖေးချန်းချီ ကမျက်လုံးတွေကို မှိတ်လိုက်သည်။ ထိုအချိန်တွင် ရန်မန်ယု ရဲ့အသံက ထွက်လာခဲ့သည်။

“သူ့ကို မယုံနဲ့၊ သူက မင်းကို လိမ်နေတာ။ မင်းအတွက် သူဂရုစိုက်ခဲ့ရင် မင်းကို တွန်းထုတ်ခဲ့မှာ မဟုတ်ဘူး။ မင်းဘေးမှာ နေချင်ရင် ဒီလောက်အကြာကြီး စောင့်နေမှာ မဟုတ်ဘူး။ သူက မင်းနာကျင်မှုတွေကို လှောင်ပြောင်ချင်ရုံပဲ” ဒီစကားတွေက သူ့စိတ်အနက်ရှိုင်းဆုံးအထိ ရောက်သွားခဲ့သည်။ ဒီစကားလုံးတွေကို ဖေးချန်းချီ ယုံကြည်ခဲ့သည်။

“မဟုတ်ဘူး၊ မင်းက ငါ့ဒုက္ခတွေကို ကြည့်ပြီးကျေနပ်ဖို့သာ ရောက်လာခဲ့တာ” ဖေးချန်းချီ ကအဝေးကို လှည့်လိုက်ပြီး သူ့အဖြူရောင် ဆံပင်တွေက လှုပ်ရှားသွားသည်။

“ကျေးဇူးပြုပြီး၊ ထွက်သွားပါ။ မန်ရှင်းတောင်ကြားက လူတိုင်းအတွက် ပိတ်ထားလိမ့်မယ်။ ဒီအချိန်မှာ မင်းတို့ ဘယ်သူကိုမှ ငါမလိုအပ်ဘူး” သူ့နောက်မှ အသက်ရှူသံကို ကြားလိုက်ရသည်။

သို့သော် ဖေးချန်းချီ ကလှည့်ကြည့်လိုက်ရင်း အပြင်ဘက် ရေကန်ရှိသည့် ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။ ထိုလူရဲ့ ခြေလှမ်းတွေက တိတ်ဆိတ်နေပြီး နောက်ဆုံးတော့ အဝေးကို လျှောက်သွားခဲ့သည်။ ဒီနေရာတွေ ဘယ်သူမှ မရှိတော့ပဲ ဖေးချန်းချီ သာကျန်နေခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now