3.11

7.1K 883 3
                                    

Zawgyi

"ဗိုလ်ကြီးတို့ အားလုံးကို မင်းတို့အတွက် စိတ်ချပြီး ထားခဲ့မယ်" ဗစ်တာ ကပြောရင်း သေနတ်နဲ့ ဓားမြောင်ကို ယူလိုက်ကာ၊ သူ့ဘောင်းဘီအရှည်မှာ ချိတ်လိုက်သည်။

"စိတ်ချပါ၊ မင်းသား။ ငါတို့ မင်းပေးခဲ့တဲ့ တာဝန်တွေကို သေချာပေါက် အောင်မြင်အောင် လုပ်မှာပါ" ဗိုလ်ကြီးရိုင်ခယ် ကပြောလိုက်ပြီး ဗစ်တာကို ခေါင်းညိတ်ပြလိုက်သည်။

"မာ့ခ် အဆင်သင့်ဖြစ်ပြီလား?" ဗစ်တာ ကသူ့ဘေးကိုကြည့်ကာ မေးလိုက်သည်။ မာ့ခ် ဝတ်စုံကို ဝတ်လိုက်သည်။ လက်ရှိတွင် သူတို့က စစ်သားတစ်ချို့ကို နန်းတော်ဆီသို့ ပို့ဖို့ လုပ်လိုက်သည်။ ဗစ်တာ ကသူတို့ရဲ့ ဝတ်စုံတွေ မချွတ်မှီ သတိပေးလိုက်သည်။

အခုတော့ သူတို့မှာ အပြာရောင် ဝတ်စုံနဲ့ဖြစ်ပြီး သူတို့ ပုံပန်းသွင်ပြင်ကို ပြသဖို့ ကိုက်ညီနေသည်။ စစ်သားနှစ်ယောက်က သူတို့အဝတ်တွေကို ချွတ်လိုက်ပြီး ဗိုလ်ကြီးနော့ နဲ့ ဗိုလ်ကြီးမန်ဒယ် ကကိုင်ထားသည်။

"အင်း" မာ့ခ် ကသူ့ရဲ့ ရှပ်အင်္ကျီလက်တွေကို လျင်လျင်မြန်မြန်ခေါက်လိုက်ပြီး ပြောလိုက်သည်။ အပြာရောင် အဝတ်တွေနဲ့ သူ့မျက်လုံးမှ အေးစက်မှုတွေကြောင့် ပို၍ပင်တောက်ပနေသည်။ မာ့ခ် က ဗစ်တာ ကိုလှည့်ကြည့်လိုက်ပြီး သူ့ပုံပန်းသွင်ပြင်ကို လေးစားစွာ ကြည့်လိုက်သည်။

ရိုးရိုးသားသား ပြောရရင် မာ့ခ် ကဒီလိုမျိုး တာဝန်ကို ရွေးချယ်မှာ မဟုတ်ဘူး။ အသုံးမဝင်တဲ့သူတွေနဲ့ အချိန်ဖြုန်းရတာကို သူအမုန်းဆုံးပဲ။ အခုတော့ သူက စစ်သားတစ်ယောက် အဖြစ် ထောက်ပံ့ပေးပြီး အထူးသဖြင့် ရဲတိုက်ကို ကင်းလှည့်ရတဲ့ စစ်သားတစ်ယောက် အဖြစ်နဲ့ ပါဝင်တာဖြစ်သည်။

သို့သော် ဗစ်တာ ကိုကြည့်ပြီး သူ့စိုးရိမ်စိတ်တွေကို ထုတ်လိုက်သည်။ ကောင်းပြီ၊ ဗစ်တာ ကဒီမှာ ရှိနေတဲ့ တစ်လျှောက် အဲ့ဒါက မှန်နေလိမ့်မယ်။ မာ့ခ် ရဲ့မျက်လုံးတွေက သူ့ကို ကြည့်နေတာကို ခံစားရပြီး ကြည်နူးသွားလေသည်။

"ဒါဆို ငါတို့ အခု ထွက်သွားတော့မယ်၊ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ ငါတတ်နိုင်သလောက်ကြိုးစားပြီး သတင်းကို ပို့ပေးပါမယ်။ အရာရာတိုင်းအတွက် အဖေ့ကို စိတ်မပူဖို့ ပြောပေးပါ၊ နောက်ပြီး ငါ့ရဲ့ အခြေအနေအတွက်ကို မစိုးရိမ်ပါနဲ့၊ ဗိုလ်ကြီးမာ့ခ် ကငါ့ကို သေချာပေါက် ကာကွယ်ပေးမှာပါ"

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now