31...

1.1K 162 1
                                    

Unicode

ဇူးလုံဝမ် ကအသံအနည်းငယ်ကို ကြားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ရင်း သူ့ရှေ့တွင် များပြားလှသည့် တံလျှပ်တွေကို မြင်လိုက်ရပြီး မတူညီသည့် ပုံတွေအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့မျက်ခုံးကို ကြုတ်ထားပြီး ခရမ်းရောင် မျက်လုံးတွေက စိတ်ရှုပ်ထွေးနေပုံ ပေါ်နေသည်။ ဒါကဘာလဲ?

တံလျှပ်တွေကို သူစိုက်ကြည့်နေရင်း သူ မသိပေမဲ့ သူ့နှလုံးသားကတော့ ခုန်လှုပ်နေခဲ့သည်။ သူ အသိမမူမိပေမဲ့ သူ့စိတ်ဝိဉာဉ်က မြင်ကွင်းတစ်ခုစီတိုင်းကို တုန့်ပြန်နေခဲ့သည်။

“မသေမျိုး”

ဇူးလုံဝမ် ကလှည့်လိုက်သည်။ သူ့ရှေ့တွင် ကျက်သရေရှိပြီး အဖြူရောင် ဝတ်ထားသည့်လူအား မြင်လိုက်ရသည်။ ထိုလူက ပါးလွှာသေးသွယ်ပြီး ကျက်သရေရှိသည့် အမူအရာနဲ့ သိမ်မွေ့နူးညံ့သည့် မျက်လုံးတွေ ရှိသည်။ သို့သော် သူ့မျက်လုံးတွေက ညအချိန်လို မဲမှောင်နေသည်။ သူ့လက်မောင်းထဲတွင် အဖြူရောင် မြေခွေးလေးက မှီနေခဲ့သည်။

“မင်းဘယ်သူလဲ?” ဇူးလုံဝမ် ကမေးလိုက်သည်။ သူ မသေချာပေမဲ့ ဒီလူကို သူမကြောက်ပေ။

ထိုလူက ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းတွေက နူးညံ့စွာ ကွေးသွားခဲ့သည်။ “ကျေးဇူးပြုပြီး အရင်ဆုံးထိုင်ပါဦး” ထို့နောက် ရပ်လိုက်ပြီး ဇူးလုံဝမ် အားအေးစက်သည့် မျက်လုံးတွေနဲ့ ကြည့်နေပုံပေါ်နေသည်။ “မစိုးရိမ်ပါနဲ့၊ ငါမင်းကို ဒုက္ခပေးဖို့ ဆန္ဒမရှိပါဘူး”

ဇူးလုံဝမ် ကစက္ကန့်အနည်းငယ်လောက် ရပ်နေခဲ့ပြီးနောက် လျှောက်သွားလိုက်သည်။ ထိုလူရဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး တောင်ပေါ်တွင် လေအေးလေးက တိုက်ခတ်လာတာကို ခံစားလိုက်ရသည်။

“ငါပြန်သွားရမယ်။ မင်း ဘာကြောင့် ငါ့ကို ဒီခေါ်လာလဲဆိုတာ မသိပေမဲ့ ငါသေမျိုးလောကကို ပြန်သွားရမယ်” ဇူးလုံဝမ် ရဲ့အသံက အေးစက်နေသည်။ သူ့ခရမ်းရောင် မျက်လုံးတွေက အမူအရာမဲ့သည့် မျက်နှာနှင့် ပေါင်းစပ်ကာ ကြက်သီးထ,ဖွယ်ကောင်းနေသည်။ သူ့ဘေးမှ လက်တွေက ဆုပ်နေပြီး ဒီအပြုအမူမှ စိုးထိတ်နေမှုက ပေါ်လွင်နေသည်။ သူပြန်ချင်သည်။ ဒီအချိန်အတွင်း သေမျိုးလောကတွင် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သူမြင်ချင်မိသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now