32...

1.2K 152 8
                                    

Unicode

ဇူးလုံဝမ် ကသူ့ခရမ်းရောင် မျက်လုံးတွေကို ဖွင့်လိုက်ပြီး ကောင်းကင်ဘက်ကို ကြည့်လိုက်သည်။ မရင်းနှီးသည့် မျက်နှာကြက်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားက ပြင်းထန်စွာ ခုန်လာခဲ့သည်။ သူဘယ်မှာလဲ? သူဆက်ပြီး အသက်ရှူလိုက်ကာ သူ့ဘာသာ ပြိုလဲနေတာကို ရပ်လိုက်သည်။

သူ့ဘေးဘက်မှ ခြေသံတွေကို ကြားလိုက်ပြီး သူ့မျက်လုံးထောင့်မှ ကြည့်လိုက်သည်။

“မသေမျိုးဇူး” ဖေးရှန့် ကပြုံးလိုက်ရင်း ဇူးလုံဝမ် ဆီလျှောက်သွားလိုက်သည်။

ဇူးလုံဝမ် ကအကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး သူ့ခေါင်းမှ အကြောင်းအရာတွေကို ပြန်စီရီနေခဲ့သည်။ သူ အသက်ရှင်ခဲ့သည်။ နောက်ပြီး ဖေးရှန့် လည်းအသက်ရှင်နေသေးသည်။ အခုတော့ နှစ်ဘယ်လောက် ကုန်သွားခဲ့ပြီလဲ? “ဖေးရှန့်” သူ့အသံက တိုးလျနေပြီး အက်ကွဲနေသည်။

သူဘာကို လိုအပ်လဲဆိုတာကို ဖေးရှန့် ကနားလည်လိုက်ပြီး လှည့်လိုက်ကာ ဇူးလုံဝမ် ကိုထူပေးလိုက်ပြီး လက်ဖက်ရည်ခွက်ကို ဆွဲယူလိုက်သည်။

ဇူးလုံဝမ် ကအိပ်ရာဘောင်ကို မှီလိုက်သည်။ လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ခြောက်သွေ့နေသည့် လည်ချောင်းအား ရှင်းလင်းလိုက်သည်။

သူ့လက်တွေက တုန်နေပြီး စိတ်လှုပ်ရှားမှုနဲ့ ကြောက်လန့်မှုတွေ ရောနေတာ ဖြစ်နိုင်သည်။ “ဘယ်လောက် ကြာသွားပြီလဲ?” ဇူးလုံဝမ် ကအခန်းထဲရှိ ပစ္စည်းတွေနဲ့ ရှုပ်ထွေးနေသည့် ဖေးရှန့် ကိုကြည့်ကာ မေးလိုက်သည်။

“မသေမျိုးဇူး၊ ရာစုနှစ် အနည်းငယ် ကုန်ဆုံးသွားပါပြီ။ ဒါက... မင်းပြန်လာခဲ့တာက တကယ့်ကို အကောင်းဆုံးပါပဲ” ဖေးရှန့် ကပြန်ဖြေလိုက်ပြီး သူ့ပါးစပ်မှ သက်ပြင်းချမှုအား မထိန်းချုပ်နိုင်ပေ။

အဲ့လောက်တောင် ကြာသွားပြီလား? ကောင်းကင်ဘုံမှာက အချိန်တွေ ကုန်ဆုံးတာက နှေးကွေးသည်။ ထိုအချက်ကြောင့် ဇူးလုံဝမ် ကသူ့အတွက် အချိန်ဘယ်လောက် ကုန်သွားမှန်းကို မမှတ်မိနိုင်ပေ။ ဒီနှစ်တွေတွင် သူက လူတစ်ယောက်ကိုသာ စောင့်နေခဲ့သည်။ နှစ်ပေါင်းများစွာ ကုန်သွားပြီးတာတောင် သူ့အတွက်ပဲ အသက်ရှင်နေခဲ့သည်။ သို့သော် သူ့ကို ဘယ်တော့မှ မတွေ့ခဲ့ရပေ။ ထိုလူက ကောင်းကောင်း အသက်ရှင်နေတာ ဖြစ်နိုင်သည်။ ထိုအချက်ကို တွေးလိုက်ပြီး သူ့မျက်လုံးက တောက်ပသွားပြီး မေးလိုက်သည်။ “ချန်းချီ၊ သူဘယ်မှာလဲ?”

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now