6...

990 142 5
                                    

Unicode

“နောက်ထပ် အရည်အချင်းရှိတဲ့ တပည့်တစ်ယောက် ရလိုက်ပုံပဲ” စုဖူဝမ် ကခေါင်းခါလိုက်ရင်း သူ့တရုတ်ဇီးသီးပုံ မျက်လုံးတွေက တောက်ပနေရင်း သူ့ရှည်လျားသည့် အင်္ကျီလက်က လှုပ်ယမ်းသွားကာ သူ့ကိုယ်ပိုင် ရာထူးကို စိတ်ထဲမထည့်ပဲ ဘာမှမှရှိသည့်ခုံတွင် ဝင်ထိုင်လိုက်သည်။ ထျန်စီချန်း ကပြန်ဖြေလိုက်သည်။

“သူ့ကို ရှာဖွေတာထက် သူက ကျွန်တော့်ဆီ လာခဲ့တာပါ” ဖေးချန်းချီ ကထိုအရာကြောင့် မော့ကြည့်လိုက်ရင်း မှန်နေတာကြောင့် မငြင်းပေ။ ဖေးချန်းချီ ကသူ့ခုံတွင် ထိုင်နေရင်း လက်ရှိဘာဖြစ်နေမှန်း မသိပေ။ ကြည့်လိုက်ပြီး ဟုန်မန်ရှု နဲ့ ကျန့်ဘင်မေ့ တို့က စကားပြောနေကြပြီး စုဖူဝမ် ကိုအာရုံစိုက်နေကြသည်။

“မသေမျိုးထျန် ကမင်းကို ချူဖန်ဇုန် ရဲ့ဓားကို ပေးခဲ့တာ ငါမြင်လိုက်တယ်” စုဖူဝမ် ကပြုံးလိုက်ပြီး သူ့မျက်နှာ အမူအရာက အနည်းငယ် နွေးထွေးသွားခဲ့သည်။

“ဆရာက ကျွန်တော့်ကို အချိန်အတော်ကြာတည်းက ပေးခဲ့တာပါ။ နောက်တော့ ဒီဓားနောက်ကြောင်းကိုလည်း ကျွန်တော် သိခဲ့ရတယ်” ဖေးချန်းချီ ရဲ့အသံက ပုံမှန်အတိုင်း နူးညံ့နေပြီး မျက်လုံးတွေက တောက်ပနေခဲ့သည်။ သူ့အဖြေကြောင့် စုဖူဝမ် ရဲ့အပြုံးက ပိုတောက်ပသွားခဲ့သည်။ သူ့တရုတ်ဇီးသီးပုံ မျက်လုံးတွေက စင်အောက်ကို ငုံ့ကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။

“ချူဖန်ဇုန် ရဲ့ဓားက လှည့်စားနိုင်ပြီး များစွာသော သူရဲကောင်းတွေ၊ နတ်ဆိုးကျင့်ကြံသူတွေကို ကျရှုံးစေခဲ့တယ်။ ဓားမှာကိုယ်ပိုင် ဝိဉာဉ်ရှိနေလို့ သူ့သခင်ရဲ့ သေဆုံးခြင်းကနေ ရှင်သန်နိုင်ခဲ့တယ်။ မင်းကို လက်ခံတာနဲ့ မင်းက နောက်ထပ် သတ်မှတ်နိုင်တဲ့ သူရဲကောင်းဆိုတာပဲ"

ဖေးချန်းချီ ကဘယ်လိုခံစားရလဲ မသိပေ။ အပြင်ပိုင်းတွင် ခံစားနေစဉ် စုဖူဝမ် ရဲ့စကားတွေက ကောင်းတဲ့အရာကို ဆိုလိုနေပြီး သူ့ဓားအကြောင်းကို ထုတ်ဖော်နေတာဖြစ်သည်။ သို့သော် ဖေးချန်းချီ ကမတုန်လှုပ်ပဲ အမူအရာက အရင်အတိုင်း မပြောင်းလဲပဲ ပြန်တုန့်ပြန်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now