6.6

2.8K 442 3
                                    

Unicode

“အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ ပြန်ရောက်လာခြင်းက ပျံ့နှံ့သွားပြီး အရှင်မင်းကြီး ခေါ်လာခဲ့တဲ့ သခင်လေးက နောက်ပိုင်း အမွေဆက်ခံသူဖြစ်ကြောင်းကို လူတိုင်းက သိကြပါတယ်။ ဒီအကြောင်းကို သိခြင်းကနေ အရှင်မင်းကြီးက သူ့အတွက် အကောင်းဆုံးတွေကို လုပ်ဆောင်ပေးဖို့ အချိန်မဆွဲတော့မှာကိုလည်း ခန့်မှန်းမိပါတယ်။ အရှင်မင်းကြီးရဲ့ ဘေးမှာနေထိုင်ရင်းနဲ့ သခင်လေးကို ကာကွယ်ပေးဖို့အတွက် ကျွန်မရဲ့ အချိန်တွေ ကုန်ဆုံးဖို့ကို မနှမြောပါဘူး”

လုဟောင်ရွယ် ကလေးနက်သည့် အသံနဲ့ပြောလိုက်ရင်း သူမမျက်လုံးတွေက ဆုံးဖြတ်ချက်တွေ ပြတ်သားနေတာကို ဖော်ပြနေသည်။ ချန်းရှုဂျင်း ကသူမ စကားတွေကို ပြန်တုန့်ပြန်လိုက်သည်။

“မင်းဒီလိုမျိုး လုပ်ချင်တယ်ဆိုရင် ငါခွင့်ပြုပေးမယ်၊ ဒါပေမဲ့ မင်းတာဝန်ကိုတော့ သတိရပေးပါ”

“သေချာတာပေါ့၊ အရှင်မင်းကြီး”

ထိုစကားတွေကို ပြောလိုက်ရင်းနဲ့ သူမက အစွယ်ကပါ ပေါ်သည်အထိ ပြုံးလိုက်ပြီး လုဟောင်ရွယ် ကအကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။

“ဒါဆို ကျွန်မအရင်ဆုံး ထွက်သွားပါဦးမယ်၊ အရှင်မင်းကြီး။ အရှင်မင်းကြီး ပြန်လာဖို့ကို Aces ကနေ မျှော်လင့်ထားခဲ့တာ အချိန်အတော်ကြာပါပြီ”

ချန်းရှုဂျင်း ထွက်သွားတာကို ကြည့်နေရင်း လုဟောင်ရွယ် မျက်လုံးတွေက တောက်ပနေသည်။ အတွေးတွေကြောင့် ချန်ရှုဂျင်း ရဲ့မျက်လုံးတွေက တောက်ပသွားပြီး သူ့လျှာက အစွယ်ကို ထိလိုက်သည်၊ ထိုအရာက ဖယ်ရှားဖို့အတွက် ခက်ခဲလှသည့် အလေ့အကျင့် တစ်ခုဖြစ်နေသည်။

အရာအားလုံးကို အစီစဉ်ချမယ်ဆိုရင် ဝမ်ဇူဟေး ကိုတက်နိုင်သမျှမြန်မြန် အဝေးကို ပို့မှရလိမ့်မည်။ ဒီလူက နောက်ပိုင်းတွင် သူ့ချစ်သူဖြစ်မှာကို သိနေပေမဲ့ သူက အခုတော့ အသက်မပြည့်သေးပေ။

ချန်းရွယ်ရီ ကသူလုပ်သမျှ အရာအားလုံးကို မှတ်သားထားတာ သေချာအောင်လို့ ချန်းရှုဂျင်း မှတ်သားလိုက်သည်။ အခုတော့ သူအလျင်လိုဖို့ မလိုသေးပေ။ မနှေးမမြန်ပဲ သွေးစုပ်ဖုတ်ကောင် မုဆိုးတွေနဲ့ လူသားတွေက သူတို့ကို အလစ်ဝင်တိုက်ပြီး သတ်ပစ်ဖို့ ကြိုးစားကြမှာ သေချာသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now