3.5

9.5K 1.1K 66
                                    

Zawgyi

ဗစ်တာ ကကူညီဖို့ မတတ်နိုင်တဲ့ ညီအစ်ကို ပီသတဲ့ အပြုံးကို ပြုံးကာ မျက်လုံးထောင့်ကနေ လူစီးယပ် ကို ကြည့်လိုက်သည်။ လူစီးယပ် က ဗစ်တာ ရဲ့စိုက်ကြည့်မှုကို သတိထားမိသွားသည်။

"ဘာလဲ?" ဗစ်တာ ကထိုစကားကြောင့် နိုးထသွားပြီး ပြန်ဖြေလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ အဲ့ဒါက ... မင်းက တကယ်ပဲ အရွယ်ရောက်လာပြီပဲ" ထိုစကားကို ပြောပြီး သူ့မျက်နှာတွင်လည်း နောင်တရနေတဲ့ပုံတွေ ပြသနေသည်။ ဗစ်တာ ဘာကို တွေးပြီး ထိတ်လန့်နေလဲဆိုတာကို လူစီးယပ် ပြောနိုင်သည်။ ချက်ချင်းပဲ သူတွေးတာထက် သူ့နှုတ်မှ စကားတွေက ထွက်လာသည်။

"ဗစ်, အဲ့ဒါက အစ်ကို့ အမှားမဟုတ်ပါဘူး၊ အစ်ကို့ ဘယ်တော့မှ အပြစ်မတင်ခဲ့ဖူးဘူး၊ ဒါကြောင့် မေ့ထားလိုက်ပါ။ အဲ့နေ့က ဖြစ်ခဲ့တာတွေကို အစ်ကို မထိန်းချုပ်နိုင်ခဲ့ပေမဲ့ အခုတော့ ကျွန်တော်တို့ ပြန်တွေ့နေရပြီပဲလေ"

"ငါသိပါတယ်၊ ဒါပေမဲ့ မင်းရဲ့ အရေးကြီးတဲ့ အကြောင်းတွေ လွဲသွားတယ်လို့ ငါခံစားနေရတယ်၊ နောက်ပြီး အဲ့အရာတွေကို တွေ့မြင်ဖို့ကိုလည်း ငါဆန္ဒရှိတယ်။ အဲ့ဒါက အများကြီး မဟုတ်ပေမဲ့ မင်းနဲ့အတူရှိနေတာကို ငါနောင်တရမှာ မဟုတ်ဘူး"

"ဒါဆို ပြောစရာတွေ ရှိသေးတယ်၊ အစ်ကိုက အခုဒီမှာရှိပြီ၊ ဆုံးရှုံးသွားတဲ့ အချိန်တွေထက် ကျွန်တော်တို့ ပိုပြီးအချိန်ဖြုန်းကြတာပေါ့" ဗစ်တာ ဘာမှ ပြန်မပြောပေမဲ့ လေထဲတွင် သွေးနံကို ရပြီး တိတ်ဆိတ်စွာ ရပ်နေသည်။

အယ်လန် ရဲ့တာဝန်က ဒီည တော်ဝင်စားပွဲမှ သူ့ကိုသူ မိတ်ဆက်မှုနဲ့အတူ ရာဗန် နဲ့ မာ့ခ် ကိုလည်း ထိုနေရာမှာ သူတွေ့နိုင်သည်။ နောက်ပြီး အဲ့လိုအရာတွေနဲ့ ပတ်သက်ပြီး ဗစ်တာ မှာ ရှက်တာတွေ ဘာမှရှိမနေပေ။

အရင်က အတိုင်း သူ့မှာ အတော်ကောင်းတဲ့ အစီစဉ်ရှိပြီး ဘဝအစစ်မှာ ဂိမ်းကစားရတာကို သူနှစ်သက်သည်။ ဗစ်တာ သူ့အတွက် အစစ်အမှန် ဇာတ်ကောင် မဟုတ်ပေမဲ့ အဲ့ဒါကို ဆိုးတယ်လို့တော့ သူမခံစားရပေ။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now