4.14

4.6K 658 0
                                    

Zawgyi

မင်ယောင်ဂျွန် မထိန်းချုပ်နိုင်စွာနဲ့ လက်သီးကို တိတ်တဆိတ် ဆုပ်လိုက်သည်။ သူ့ခေါင်းထဲက အသိတွေက မင်ယောင်ဂျွန် ရဲ့မျက်နှာ အမူအရာကို ပြုပြင်ပေးလိုက်သည်။ ရူဘီ ကသူတို့ဘာသာ မိတ်ဆက်ပြီးနောက် ဘာတွေ ဖြစ်ပွားခဲ့လဲဆိုတာ ကင်ဂျီယောင်း ကရှင်းပြလိုက်ပြီး အခုတော့ အိမ်က အသက်ပြန်ဝင်သွားသည်။

မင်ယောင်ဂျွန် ဘာမှဝင်မပြောချင်တာကြောင့် တိတ်ဆိတ်စွာ နေလိုက်ပေမဲ့ လီရှင်းဝူ ကတော့ ဒီအရာကို သတိထားမိလေသည်။ သူဘယ်လို ဖြစ်နေတာလဲ? လီရှင်းဝူ မျက်ခုံးကို ပင့်လိုက်ပြီး မင်ယောင်ဂျွန် နဲ့နီးကပ်အောင် သွားလိုက်ပြီး သူ့လက်ကို သူ့နဖူးတွင် တင်လိုက်ပြီး မေးလိုက်သည်။

“မင်းနေကောင်းရဲ့လား?” မင်ယောင်ဂျွန် လီရှင်းဝူ ရဲ့အေးစက်နေတဲ့ လက်ကို သူ့ရဲ့ လောင်ကျွမ်းနေတဲ့ ခေါင်းမှာ ခံစားမိပြီး မထိန်းချုပ်နိုင်စွာဖြင့် လက်ကို မှီလိုက်သည်။

“ငါ မသိဘူး” အခုတော့ သူ့ပါးတွေက စတင်ပြီး နီရဲလာပြီး သူ့မျက်လုံးတွေက ဝေဝါးလာသည်။ သူအဆင်မပြေတာကို လီရှင်းဝူ အလိုလို သိသည်။

“အမေ၊ အဖေ၊ ယောင်ဂျွန် နေမကောင်းလို့ သူ့မှာ အဖျားရှိမရှိ သွားကြည့်ပေးလိုက်ဦးမယ်” ရှင်းဟာန ကခေါင်းညိတ်လိုက်ပြီး ရူဘီ နဲ့စကားပြောနေတာကို ပြန်ဆက်လိုက်သည်။ လီရှင်းဝူ ကသူ့အခန်းဆီကို မင်ယောင်ဂျွန် ကိုကူညီပေးပြီး သွားလိုက်သည်။

မင်ယောင်ဂျွန် ကအိပ်ရာပေါ်ကို တတ်လိုက်ပြီး လီရှင်းဝူ ကသူ့ကိုယ်ကို စောင်ဖြင့် လျင်မြန်စွာ ခြုံပေးလိုက်သည်။ ထို့နောက် ရေချိုးခန်းထဲကို ဝင်သွားပြီး ပုဝါနဲ့ ရေအေးထည့်ထားတဲ့ ဇလုံတစ်လုံးဖြင့် ပြန်ထွက်လာခဲ့သည်။ ပုဝါကို ရေထဲနှစ်ပြီး ညှစ်လိုက်ကာ မင်ယောင်ဂျွန် ရဲ့နဖူးပေါ်တွင် တင်ပေးလိုက်သည်။

မင်ယောင်ဂျွန် သူ့နဖူးပေါ်ကို ပုဝါရောက်လာချိန်တွင် မထိန်းချုပ်နိုင်စွာနဲ့ ညည်းညူလိုက်သည်။

“နေမကောင်းသလို ခံစားရတာ ဘယ်လောက်ကြာပြီလဲ?” လီရှင်းဝူ မင်ယောင်ဂျွန် ရဲ့ပိုပြီး ရဲလာသည့် မျက်နှာနဲ့ အသက်ရှူသံ ပြင်းလာတာကို ကြည့်ပြီး မေးလိုက်သည်။ သူ့မျက်လုံးတွေက မှိတ်ထားပြီး မင်ယောင်ဂျွန် ပြန်ဖြေလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now