7.26

1K 184 5
                                    

Unicode

ရောက်လာခဲ့ပြီ။ ဒီနေ့က နောက်ဆုံးတိုက်ပွဲဖြစ်သည်။ မိုချော နဲ့ မိုရှန်း တို့က သူတို့ဘက်မှ အကောင်းဆုံး စစ်သူကြီးတွေနဲ့ စစ်သားတွေကို ပို့ခဲ့ကြသည်။

လုဖန်မိန် ကမြင်းပေါ်တွင် ထိုင်နေရင်း သူ့ဆံပင်ရှည်တွေကို အနောက်ဘက်တွင် ဖဲကြိုးနဲ့ ချည်နှောင်ထားကာ လေတိုက်ခတ်မှုကြောင့် ဆံပင်တွေက လှုပ်ရှားနေပြီး မြင်းကလည်း ဖြည်းဖြည်းချင်း ရွေ့နေသည်။ သူ့ဘက်မှ လုယင်ရွဲ့၊ ဟုန်ဒိုင်ယု နဲ့ ဘင်ချင်း တို့ကလည်း မြင်းပေါ်တွင် ရှိနေကြပြီး တစ်ဦးစီက သံချပ်ကာတွေကို ဝတ်ထားကြပေမဲ့ သူတို့အပြုအမူတွေက လေးလံနေပုံ မပေါ်ပေ။

ပုံမှန်စစ်သားတွေနဲ့ မတူတာက မြေခွေးနတ်ဆိုးတွေက လှုပ်ရှားမှုလွယ်ကူစေရန် ပေါ့ပါးသည့် သံချပ်ကာကိုသာ ဝတ်ဆင်ကြသည်။ သူတို့အများစုက ကိုယ်ပိုင်စွမ်းရည်တွေ ပိုင်ဆိုင်ပြီးသားဆိုတာ ထည့်ပြောဖို့ မလိုပေ။ သူတို့က မကောင်းဆိုးဝါး ပုံစံပြောင်းပြီး သူတို့စွမ်းရည်တွေနဲ့ တိုက်ရိုက်တိုက်ခိုက်နိုင်သည်။

လုဖန်မိန် ရဲ့မျက်နှာက အေးစက်နေပြီး အပြာရောင် မျက်လုံးတွေက နီးကပ်လာသည့် စစ်တပ်ကို ကြည့်နေသည်။ သူ့လက်ကို မြှောက်လိုက်ပြီး စစ်သားတစ်ယောက်က သတိပြုမိသွားကာ ဟွန်းကို မှုတ်လိုက်ပြီး စစ်သားတွေကိုရပ်ဖို့ အချက်ပြလိုက်သည်။

လုဖန်မိန် က တန်ချင်းရှန် ရောက်လာမှာကိုသာ စောင့်ကြည့်နေခဲ့သည်။ တိတ်ဆိတ်စွာသာ ထိုင်နေပြီး သူတို့နှစ်ဖက်လုံးက တိတ်ဆိတ်နေကြသည်။ သူ့မျက်နှာတွင် ခံစားချက်မဲ့နေသည်။ သူ့မျက်နှာက အေးစက်နေပြီး သူ့ဘက်မှ စစ်သားနဲ့ မြေခွေးနတ်ဆိုးတွေ မရှုံးနိမ့်နိုင်ဘူးဆိုတာကို ယုံကြည်နေပုံပေါ်သည်။

“မင်း အရာအားလုံးကို ကောင်းကောင်း ပြင်ဆင်ထားခဲ့တာပဲ။ စစ်သားတွေကိုလည်း ကောင်းကောင်း သင်ကြားပေးခဲ့တယ်” ဟုန်ဒိုင်ယု ကလှောင်ပြုံးပြုံးလိုက်ပြီး သူမရဲ့ လှပသည့်နှုတ်ခမ်းက ကွေးသွားကာ သူမဆီမှ စွမ်းအားက ထွက်ပေါ်လာခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now