7.6

2K 306 8
                                    

Unicode

မိုတိုင်းပြည်ရဲ့ အလယ်ဗဟိုတွင် ဆူညံနေသည့် စကားများသံကို ကြားနေခဲ့ရူည်။ ထောင့်အားလုံးမှ စိတ်လှုပ်ရှားမှုတွေ၊ ဈေးမှ ပျံ့လွှင့်နေသည့် ရယ်မောသံနဲ့ ပျော်ရွှင်နေသံများကို ကြားနေရသည်။

"မိုတိုင်းပြည် က လီတိုင်းပြည်ရဲ့ အင်အားအကြီးဆုံး မြင်းတပ်ကို ဖျက်ဆီးခဲ့တယ်။ ဒါတွေအားလုံးက စစ်သူကြီးတန် ကြောင့်ပဲ။ သူက တခြားအပိုင်းကို လုပ်နေပေမဲ့ လီတိုင်းပြည်က မြင်းတပ်ကို အနိုင်ရအောင် စီစဉ်ပေးခဲ့တယ်"

"စစ်သူကြီးတန် ကဒီနေ့ ပြန်လာပြီလို့ ကြားခဲ့တယ်။ သူ့အစီအစဉ်နဲ့ စစ်သူကြီးတန်က အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်၊ ဒီအံ့ဩဖွယ်ကောင်းတဲ့ စစ်ဗျူဟာနဲ့ မိုတိုင်းပြည်က အောင်မြင်မှုရခဲ့တယ်"

"သေချာတ‌ာပေါ့၊ စစ်သူကြီးတွေ အကုန်လု့းထဲမှာ စစ်သူကြီးတန်က အင်အားအကြီးဆုံးပဲ။ သူ့မှာ ရှည်လျားတဲ့ စစ်ပွဲအတွေ့အကြုံတွေရှိတယ်။ ရုန်းကန်ခြင်းမရှိပဲ ရန်သူ‌ေတွကို ခွဲခြားနိုင်တယ်။ တောင်ပေါ်မှာသာ စစ်သူကြီးက အလုပ်ရှုပ်မနေခဲ့ရင် ဒီအချိန်ဆို ပြန်‌ေရာက်သင့်ပြီ"

ထိုစကားကို နားထောင်ရင်း လူနှစ်ယောက်က ဘေးချင်းယှဉ် လျှောက်သွားခဲ့သည်။ နေရောင်က မြင့်တက်နေပြီး သူတို့ မျက်နှာပေါ်ရှိ အင်္ဂါရပ်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့သည်။

"အခု ချင်းရှန် ကအရင်ကထက် ပိုနာမည်ကြီးလာပုံပဲ" လုဖန်မိန် ကပြုံးကာ တန်ချင်းရှန် ဘေးကိုကပ်ကာ ပြောလိုက်သည်။

တန်ချင်းရှန် ကခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ တကယ်တော့ ဒီချီးကျူးတာတွေက မင်းနဲ့ ယင်ရွဲ့ ကရသင့်တာ။ မင်းတို့မရှိရင် မိုတိုင်းပြည်က လီတိုင်းပြည်ရဲ့ လွှမ်းမိုးထားမှုကနေ လွတ်မြောက်အောင် ကူညီနိုင်မှာ မဟုတ်ဘူး"

"မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ဒီစစ်ဗျူဟာတွေကို စဉ်းစားထားရင်တောင် ချင်းရှန် ရဲ့ဆံုးဖြတ်ချက်မရှိရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒီစစ်ဗျူဟာ ရေးဆွဲတဲ့အချိန်မှာ ချင်းရှန် လည်းကူညီခဲ့တာပဲ၊ နှိမ့်ချနေဖို့ မလိုပါဘူး" လုဖန်မိန် ကပယ်ချလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now