24...

721 103 8
                                    

Unicode

“မဟုတ်ဘူး!”

ဖေးချန်းချီ ကပြင်းထန်သည့် မကောင်းဆိုးရွား အကြည့်တွေဖြင့် မော့ကြည့်လိုက်သည်။ လေကတိုက်ခတ်ရင်း သူ့အဖြူရောင် ဆံပင်တွေက နူးညံ့စွာ လှုပ်ရှားနေသည်။

“ချန်းချီ၊ မင်းလိုချင်တာနဲ့ ညှိနှိုင်းလို့ရတယ်။ ဒီအရာက မင်းအပိုင်ပဲ” ကျောင်ဝေ့မင် ကလူသုံးယောက်အား အလွယ်တကူ ဆန့်ကျင်တိုက်ခိုက်နေခဲ့သည်။ ထျန်စီချန်း၊ ဇူးလုရွှီ နဲ့ ဟုန်မန်ရှု တို့က သူ့ပတ်လည်တွင် ဝိုင်းရံနေကြပြီး သူကတော့ သပ်သပ်ရပ်ရပ် ရှိနေတုန်းပင်။

ဖေးချန်းချီ ဘက်တွင်တော့ သူ့ဝတ်ရုံတွေက အနည်းငယ် ရှုပ်ထွေးနေသည်။ သူ့လက်မှ သွေးတွေက မြေပြင်ပေါ်ကို ကျဆင်းနေရင်း သူ့ခေါင်းထက်တွင် နီရဲနေသည့် အမှတ်အသားက ပုံပေါ်လာခဲ့သည်။

“တခြားသူတွေကို ထိန်းလိုက်။ ငါ့ကို ထျန်စီချန်း ပေး” ဖေးချန်းချီ ရဲ့စကားတွေနဲ့ အနက်ရောင်ကြိုးက သူ့ပတ်လည်မှ လူတိုင်းအား ချည်နှောင်လိုက်ပြီး ဆွဲလိုက်သည်။

“ချန်းချီ! နင်အဲ့လို လုပ်လို့မရဘူး!” ချီမိုင်ယောင် ရဲ့ကိုယ်တွင် ကြိုးက သူမအသားအရည်ကို တင်းကြပ်စွာ ပတ်ထားရင်း အရည်ပြားကို ဖြတ်နေခဲ့သည်။ သူမက ရုန်းကန်လိုက်ရင်း မြေပြင်ပေါ်ကို ပြုတ်ကျသွားကာ သူတို့ပတ်လည်တွင် နတ်ဆိုးကျင့်ကြံသူတွေက ဝိုင်းနေခဲ့သည်။

ဇူးလုံဝမ် ရဲ့နှုတ်ခမ်းထောင့်တွေ သွေးတွေက စီးကျလာခဲ့သည်။ ဖေးချန်းချီ က ကျောင်ဝေ့မင် ဆီလျှောက်သွားတာကို သူ့ခရမ်းရောင် မျက်လုံးတွေက ကြည့်နေခဲ့သည်။ ထိုလူရဲ့ မျက်လုံးတွေက ရူးသွပ်နေပုံရပြီး ဇူးလုံဝမ် ကသူ့ခေါင်းကို ငုံ့လိုက်ပြီး သူ့အမူအရာအား ဖုံးကွယ်လိုက်သည်။

ကျောင်ဝေ့မင် က ဖေးချန်းချီ ရဲ့စကားတွေကို ကြားလိုက်ပြီး ချက်ချင်းပင် ထျန်စီချန်း အားသူ့ဆီ ရိုက်ချလိုက်သည်။

ဇူးလုရွှီ နဲ့ ဟုန်မန်ရှု တို့က ထျန်စီချန်း ကိုကူညီဖို့ ပြေးသွားခဲ့ရင်း ကျောင်ဝေ့မင် ကသူတို့လမ်းကို ပိတ်လိုက်သည်။ “မင်းတို့ပစ်မှတ်က ငါလေ၊ သူ မဟုတ်ဘူး”
ဇူးလုရွှီ ရဲ့မျက်လုံးတွေက အရောင်လက်သွားရင်း သူ့ဓားအား ဘေးဘက်ကို ပစ်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳On viuen les histories. Descobreix ara