26...

785 104 5
                                    

Unicode

ရက်တွေ ဘယ်လောက်တောင် ကုန်ဆုံးသွားပြီလဲဆိုတာ ဘယ်သူသိမှာလဲ?

နေ့ရက်တွေ ဖြတ်ကျော်ရင်း ဖေးချန်းချီ ကသေဆုံးခဲ့ပြီးသလို ရှင်သန်နေခဲ့သည်။ တစ်ခါတစ်လေ ထိုင်တယ်၊ ကြမ်းပြင်ပေါ် လှဲတယ်။ တချို့အချိန်တွေမှာ သူ့ကိုသူ တိုက်စားခြင်းရေထဲသို့ ခုန်ချချင်ခဲ့သည်။

တစ်ရက်ချင်းစီ ကုန်ဆုံးသွားရင်း ဖေးချန်းချီ ကသူ့ကိုယ်သူ အသက်ဆက်ရှင်ဖို့ ဖိအားပေးနေခဲ့သည်။ ဒါကပဲ သူ့အပြစ်အတွက် ပြန်ပေးဆပ်မှုပင်၊ သူ့စိတ်ထဲမှ တဖြည်းဖြည်း သေဆုံးနေစဉ် ဆက်ရှင်သန်နေခဲ့သည်။
နောက်ထပ် သူ့ဆီကို ဘယ်သူမှ အလည်မလာကြပေ။ တစ်ခါတလေ မြေကြီးမှ တုန်ခါသံတွေကို ဖေးချန်းချီ ကြားနေရပြီး ဒါက စုဖူချန်း ရဲ့သားပြန်လာမှုကြောင့် တိုက်ပွဲအသစ် ဖြစ်နိုင်သည်။

ဖေးချန်းချီ က ဇူးလုံဝမ် ကိုသာ ထပ်မြင်ချင်ခဲ့သည်။ ထိုလူရဲ့ပျက်ယွင်းနေသည့် အမူအရာတွေကို သူ မမေ့နိုင်ပေ၊ သူ့မျက်လုံးတွေက လောင်ကျွမ်းနေရင်း ခရမ်းရောင် မျက်လုံးတွေက သူ့ကို ပြန်ကြည့်နေတာကို သူ မမေ့နိုင်ပေ။

ပျက်ဆီးနေသည့် နေရာတွင် ဖေးချန်းချီ ကသူ့ဘဝအကြောင်းကို အချိန်တိုင်း တွေးတောနေခဲ့သည်။ ကံကြမ္မာရဲ့ဆန္ဒကြောင့် သူက ရုပ်သေးရုပ်လိုပဲ ခံစားနေရသည်။

ထိုအချိန်တွင် ဖေးချန်းချီ ရဲ့ဝတ်ရုံက သွေးတွေနဲ့ ညစ်ပတ်နေခဲ့သည်။ သူ့လက်မှ ကျောက်စိမ်း စိတ်ဝိဉာဉ်လက်စွပ်အား စမ်းတဝါးဝါးဖြင့် သိုလှောင်လက်စွပ်ကို ထိလိုက်သည်။ သူထိုင်နေရင်း အပြာရောင် ရေတွေအား ကြည့်နေခဲ့သည်။ ရှင်သန်နေတာထက် သေဆုံးတာက ပိုပြီးလွယ်ကူပုံပေါ်သည်။ တကယ်တော့ မင်းအပြုအမူတွေရဲ့ ရင်ဆိုင်နေရစဉ် အသက်ရှင်နေတာထက် သေဆုံးတာက ပိုလွယ်ကူသည်။

ဖေးချန်းချီ ကခြေထောက်ကို ကန့်လန်ဖြတ် ထိုင်နေပြီး မျက်လုံးတွေကို မှိတ်ထားခဲ့သည်။ သူ့ချီတွေကို အသုံးမပြုနိုင်ပဲ ဘာမှမလုပ်နိုင်ပေ။ နေ့တိုင်း ရှင်သန်နေရုံသာ ဖြစ်နေပြီး သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ့အတွေးတွေမှ မလွတ်မြောက်နိုင်အောင် ပြုလုပ်လိုက်သည်။
ထိုအချိန်တွင် နူးညံ့သည့် ခြေသံတွေအား ထပ်ကြားလိုက်ရသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now