7.23

2.1K 203 2
                                    

Unicode

"မင်ယု၊ ငါ့နောက်လိုက်ခဲ့" ဟုန်ဒိုင်ယု ကခေါ်လိုက်သည်။

ထိုအသံကြောင့် လုဖန်မိန် ကလှည့်လိုက်ပြီး သူ့ပုဝါက လှုပ်ရမ်းသွားသည်။ မတ်တပ်ရပ်လိုက်ပြီး တခြားလူ‌ တစ်ယောက်နဲ့ မတ်တပ်ရပ်နေသည့် ဟုန်ဒိုင်ယု ဆီကို လျှောက်သွားလိုက်သည်။ ထိုလူက ရင်းနှီးနေတယ်လို့ ခံစားနေရပေမဲ့ လုဖန်မိန် ကထပ်မတွေးတော့ပေ။

"လာ၊ ငါတို့ အေးအေးဆေးဆေး ပြောလို့ရအောင် ကိုယ်ပိုင်အခန်းကို သွားရအောင်" ဟုန်ဒိုင်ယု က ရန်ဒူလွမ် ရဲ့စိုက်ကြည့်ခြင်းကို ဂရုမစိုက်ပဲ သူတို့ကို ပြောလိုက်သည်။

လုဖန်မိန် ကဘာအကြောင်းမှ မရှိတာကြောင့် ခေါင်းညိတ်ပြီး ဟုန်ဒိုင်ယု အနောက်ကိုသာ လိုက်သွားပြီး ပြုံးနေသည့် ရှီဖန် ကိုတစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့ကြောင့် သူက သူတို့နှစ်ယောက်နောက်မှ တိတ်ဆိတ်စွာ လိုက်နေရင်း လှေကားကနေ တက်သွားကာ ဟောခန်းနားက ကိုယ်ပိုင်အခန်းထဲကို ဝင်လိုက်ကြသည်။

ဟုန်ဒိုင်ယု ကဝင်လိုက်ပြီး ဖယောင်းတိုင်မီးကို ထွန်းလိုက်သည်။

"အရင်ဆုံးထိုင်ဦး" ဟုန်ဒိုင်ယု ကထိုနှစ်ယောက်ကို ပြောလိုက်သည်။

ရန်ဒူလွမ် ကစားပွဲနားက ခုံပေါ်တွင် ထိုင်လိုက်ပြီး လုဖန်မိန် ကလည်း သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

ဟုန်ဒိုင်ယု ကသူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် မျက်ခုံးတစ်ဖက်ပင့်ကာ တောက်ပသည့် အပြုံးနှင့် မိတ်ဆက်ပေးလိုက်သည်။ "ရန်ဒူလွမ်၊ ဒါက မင်ယု။ မင်ယု၊ ဒါက အရာရှိ ရန်ဒူလွမ်"

ရန်ဒူလွမ် ကိုကြည့်လိုက်ပြီး လုဖန်မိန် ရဲ့မျက်လုံးတွေက အရောင်ပြောင်းခြင်း မရှိပဲ အေးစက်ပြီး ဆွဲဆောင်မှုရှိသည့် အသံက ထွက်ပေါ်လာခဲ့သည်။ "အရာရှိရန် နဲ့ဆုံတွေ့ရတာ ဝမ်းသာမိပါတယ်"

"ငါ့အတွက်လည်း အတူတူပါပဲ" ရန်ဒူလွမ် ကပြောလိုက်သည်။

"ကောင်းပြီ၊ ဒူလွမ်၊ မင်းငါ့ကို ပြောချင်တာတွေကို သူ့ကို ပြောလို့ရတယ်။ မင်ယု ကငါယုံကြည်ရတဲ့သူပဲ၊ သူက မင်းကိစ္စကို ဖြေရှင်းပေးနိုင်လိမ့်မယ်။ ဒါက ငါ့သဘောတူညီမှုနဲ့ ဆက်န‌ွယ်နေမှာကလည်း အသေအချာပဲပေါ့" ဟုန်ဒိုင်ယု ကသူမရဲ့ အနီရောင် နှုတ်ခမ်းကို ပင့်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now