0.1

104K 4.1K 404
                                    

Zawgyi

ဖေချန်းချီ သည်သူ့ပတ်လည်တွင်ရှိနေသော အဖြူရောင်လေဟာပြင်ကို ကြည့်လိုက်ပြီး အံဩမင်သက်သွားသည်။ ထို့နောက်တွင် သူသေဆုံးမှုမှာ စိတ်ကသိကအောက်ဖြစ်မှုနှင့်အတူ ဒီနေရာကို ရုတ်တရက်ကြီး ရောက်ရှိလာတာပဲ။

သူသေဆုံးခဲ့တယ်...... ရေသီးပြီးတော့လေ

အခု သူက သူ့ဘဝမှာ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပြီ။ သူ့မှာ ကုမ္ပဏီပေါင်းများစွာ ပိုင်ဆိုင်ပြီးတော့ နှစ်တိုင်း သူ့ဝင်ငွေကတော့ ဘီလီယမ်နှင့်ချီသည်။ သို့သော် သူကသူကိုယ်တိုင်ကို တွက်ချက်ပြီးဖော်ပြရတာကို ကြိုက်နှစ်သက်သည်။
OK, သူမသေချင်သေးဘူး။ သူက ရက်စက်ပြီးတော့ အကြံသမားတစ်ယောက်လည်း ဖြစ်သေးသည်။ ဒါပေမဲ့ သူ့ကုမ္ပဏီအားလုံးက သူ့ကိုယ်ပိုင်အစွမ်းနဲ့ တည်ထောင်ထားတာ မဟုတ်ဖူးလို့တော့ မဆိုလိုဘူး။

ဒါပေမဲ့ သူ့မျက်လုံးရှေ့မှာ ရှိတဲ့အရာကို သူတိုက်မိသွားတဲ့အကြောင်းပြောရအောင်။ ဖေးချန်းချီ ကအဝေးကို ကြည့်လိုက်ပြီး စရယ်လိုက်တယ်။ အဲ့ဒါက ဘာမှမဟုတ်ဘူးဆိုရင်တောင် ဒီလိုထူးဆန်းတဲ့နေရာမှာ တစ်ခြားတစ်ယောက်ရှိနေခြင်းက သူ့ရဲ့ပျော်ရွှင်မှုပဲ။ သူ့တိုးတက်အောင်မြင်မှုအတွက် အရာရာတိုင်းကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုသူသိတယ်။ တကယ်လို့ မကောင်းတဲ့နည်းလမ်း လှည့်ဖျားမှုတွေ ဆိုရင်တောင် သူပျင်းမှာမဟုတ်တဲ့အတွက်ကြောင့် အဲ့အရာကို သူဆက်ကစားဦးမှာပဲ။

သူက သူ့ကိုယ်သူ ဂုဏ်ယူပြီး အငယ်ဆုံးအောင်မြင်တဲ့လုပ်ငန်းရှင် အဖြစ်လူသိများခဲ့တယ်။ ဒါပေမဲ့ သူဘယ်တော့မှ မတွေးမိတဲ့အချက်ကတော့ သူ့အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ သေဆုံးနိုင်တယ်ဆိုတဲ့ အချက်ပဲ။ သူ့မှာ ယောင်္ကျားလည်းမရှိသေးဘူး၊ စိတ်ပျက်စရာက သူဒီဝန်းကျင်မှာ သူလုံလောက်အောင်တောင် မကစားရသေးဘူး။

ဒီကမ္ဘာမှာ ယောင်္ကျားပီသတဲ့သူတွေအများကြီး ရှိပြီးတော့ သူ သူတို့နဲ့တောင် မဆုံတွေ့ရသေးဘူး။ ဘာကြောင့် ကောင်းကင်က ငါ့ကိုစောစောခေါ်ရတာလဲ?! သူက သူ့ရဲ့နာကျင်မှုတွေကို လူးလိမ့်ခံနေရင်း သူ့နားထဲတွင် အသံတစ်သံကြားလိုက်လေသည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now