7.8

1.6K 260 5
                                    

Unicode

ချီလုံဟိုင် မှပေးသော အချက်အလက်နဲ့အတူ ဒီရေသည် အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။ လီတိုင်းပြည်ရဲ့ တော်ဝင်မိသားစုတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြရင်း စစ်သူကြီးတွေကလည်း အချင်းချင်း တိုက်ခိုက်နေခဲ့သည်။ ပလ္လင်အတွက် မင်းသနှစ်‌ေယာက်ဟာ တိုက်ခိုက်ခဲ့ကြသည်။ နှစ်ပတ်ကြာပြီးနောက် လီတိုင်းပြည်ဟာ ကာကွယ်ရေး ပျက်သုန်းသွားပြီး မိုတိုင်းပြည်ကို အကြီးအကျယ် အောင်နိုင်စေခဲ့သည်။

"ဂုဏ်ယူပါတယ်! လီတိုင်းပြည်ကို အနိုင်ရခဲ့တဲ့အတွက်!" စခန်းအတွင်းတွင် ထောင်နှင့်ချီသော စစ်သားများသည် တစ်ယောက်နဲ့ တစ်ယောက် ဝိုင်းကာစုဝေးနေကြပြီး ဝိုင်ခွက်တွေကို မြှောက်လိုက်ကြပြီး ထိုစကားပြောပြီးနောက် အလျင်အမြန် မော့သောက်လိုက်ကြသည်။

သူတို့ကို ရပ်ကြည့်‌ေနရင်း လုဖန်မိန် ကခေါင်းကို ညင်သာစွာ ခါလိုက်သည်။ သို့သော် သူတို့က ဒီအချိန် အနားယူချင်တာကို သိတာကြောင့် မတားဆီး‌ေပ။

အနားယူတာ သိပ်မကြာခင် လုဖန်မိန် ရဲ့ပုခုံးပေါ်ကို လက်မောင်းတစ်ဖက်က ရောက်လာခဲ့သည်။ လုဖန်မိန် ကတောက်ပစွာ ပြုံးကာကြည့်လာသည့် ဂျန်နန်ကျန်း ကိုကြည့်ကာ မေးလိုက်သည်။ "သူတို့နဲ့ သွားမသောက်ဖူးလား?"

ဂျန်နန်ကျန်း ကခေါင်းခါလိုက်သည်။ "ဒီနေ့အနားယူတာက စစ်သားတွေအတွက်ပဲ။ သောက်တာမကြိုက်လို့ အခုတော့ ငြင်းလိုက်တယ်" စစ်သားတွေကို ကြည့်လိုက်ပြီး တချို့က ပတ်တီးတွေနဲ့ ဖြစ်ပေမဲ့ အရက်ကိုအလွန်အကျွံ သောက်နေကြတာကြောင့် ဂျန်နန်ကျန်း ခေါင်းခါလိုက်သည်။ ထို့နောက် သူပြောလိုက်သည်။ "ယင်ယွဲ့ ကမင်းကို မေးနေတယ်။ မင်းနဲ့စကားပြောချင်တယ်လို့ ပြောတယ်။ အခု သူမက မင်းတဲမှာ တစ်ခုခု ပြင်ဆင်နေတယ်"

လုဖန်မိန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ ကျွန်တော် အရင်သွားတော့မယ်" စစ်သားတွေကို တစ်ချက်လှည့်ကြည့်လိုက်ပြီး လုဖန်မိန် သည်အဝေးကို လျှောက်သွားလိုက်သည်။

ဂျန်နန်ကျန်း ကသူ့လက်ကို ချထားလိုက်ပြီး လုဖန်မိန် ကိုပုံမှန်ထက်ပိုကြာစွာ ကြည့်နေခဲ့သည်။ သူ့အနာဂတ် ယောက်ဖလောင်းလေးနဲ့ ပိုရင်းနှီးလာအောင် နည်းလမ်းတချို့ ရှာဖွေဖို့လိုအပ်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now