7.1 A Heart Colder Than Ice

6.2K 421 4
                                    

Unicode

[Host၊ ဒီကမ္ဘာက Host အရင်ဝင်ခဲ့တဲ့ ကမ္ဘာတွေနဲ့ ကွာခြားပါတယ်။ ဒီကမ္ဘာမှာ Host ဝင်တဲ့ခန္ဓာကိုယ်က မှတ်ဉာဏ်အပြင် တခြားအရာတွေကို ပေးမှာမဟုတ်ပါဘူး။ ဒီကမ္ဘာက mission ကကွဲပြားပါလိမ့်မယ်။ ဒီခန္ဓာကိုယ်ရဲ့ ဝိဉာဉ်နဲ့ Host ‌ေတွ့ဆံုပါလိ်မ့်မယ်။ အဲ့ဒါက ကျွန်တော်ပြောနိုင်တာ အကုန်ပါပဲ။ Host နဲ့အတူ ဒီကမ္ဘာမှာလည်း ကျွန်တော် ရှိမနေနိုင်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ကမ္ဘာတုန်းကလို System မျိုးထည့်သွင်းထားပါတယ်။ ဒီကမ္ဘာရဲ့ အဆုံးသတ်ကို ကျွန်တော် စောင့်နေပါမယ်၊ Host]

ဖေးရှန့် ရဲ့အသံပျောက်သွားသည်နှင့် ဖေးချန်းချီ သည်မျက်လုံး‌ေတွကို ဖွင့်လိုက်သည်။ အဖြူရောင် မြေခွေးလေးကို တွေ့လိုက်ရသည်။

"မင်းက ငါ့ခန္ဓာကိုယ်ကို ယူသွားတဲ့ ဝိဉာဉ်ပဲ" ထိုမြေခွေးထံမှ နူးညံ့သိမ်မွေ့ပြီး လှည့်စားတတ်သော အသံကထွက်လာပြီး ဉဩသံလို သာယာဖွယ်ကောင်းသည်။

ဖေချန်းချီ ကသူခန္ဓာကိုယ် ယူပြီးသားဖြစ်ကြောင်း နားလည်လိုက်ပြီး သူ့ရှေ့မှ မြေခွေးလေးက ပုံရိပ်သာဖြစ်ကြောင်း သိလိုက်သည်။ ဖေးရှန့် ရဲ့စကားလုံးတွေကို ပြန်တွေးတောနေစဉ် သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ "ငါပဲ" ထိုအသံက နူးညံ့ပြီး လှည့်စားတတ်ကာ မြေခေွးလေးရဲ့ အသံနဲ့ အတော်လေး တူနေသည်။

မြေခွေးလေးက ခေါင်းညိတ်လိုက်ပြီး ဖေးချန်းချီ အနီးကို လျှောက်လာခဲ့သည်။ "ငါက လုဖန်မိန်၊ မြေခွေးနတ်ဆိုး။ ဒီကမ္ဘာက နတ်ဆိုးတွေ ဖန်တီးထားတာပဲ၊ ငါက လူသားအဖြစ် ပြောင်းလဲနိုင်တဲ့ မြေခွေးပဲ။ ဒီကမ္ဘာကနေ ငါလုံးဝ မစွန့်ခွာခင် မင်းဆီကနေ တစ်ခုလောက် တောင်းဆိုချင်တယ်။ ဘာပဲဖြစ်ဖြစ် အစ်မကို ကာကွယ်ပေးပါ။ သူမ ဘာပဲလုပ်လုပ် သူမရင်ဆိုင်ရမဲ့ နာကျင်မှု‌ေတွကနေ ကာကွယ်ပေးပါ"

"ငါ မင်းနဲ့ပေါင်းစည်းလိုက်တဲ့အခါ ငါ့မှတ်ဉာဏ်‌ေတွ အကုန်လုံးကို မင်းရလိမ့်မယ်။ မှတ်ဉာဏ်တွေကို မင်းသိတာနဲ့ ငါ့အစ်မကို မကောင်းမမြင်ဖို့ မျှော်လင့်ပါတယ်။ ဒီကမ္ဘာကြီးက အဖြူ၊ အမဲတွေမရှိလို့ မင်းမမြင်နိုင်လောက်တဲ့ နာကျင်မှု‌ေတွနဲ့ ရင်ဆိုင်ရလိမ့်မယ်။ မင်းက ငါဖြစ်လာရင် ငါ့အတိုင်း လုပ်ဆောင်ရလိမ့်မယ်။ ငါ့ခန္ဓာကိုယ်နဲ့ မင်းဆန္ဒရှိတဲ့အတိုင်း လုပ်လို့ရတယ်၊ ဒါပေမဲ့ မင်းဆုံးဖြတ်ချက်တွေက ဘာတွေပဲဖြစ်ဖြစ် ငါအစ်မကို ကာကွယ်ပေးပါ" မြေခွေး‌ေလးက ဖေးချန်းချီ ရဲ့အဖြေကို စောင့်နေခဲ့သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now