7.17

1.1K 198 6
                                    

Unicode

"အသက်ထောင်ပေါင်းများစွာ ရှည်ပါစေ၊ အရှင်မင်းကြီး"

လုဖန်မိန် ကဦးညွှတ်လိုက်ရင်း ဟွေ့ယင် ကလည်း အလျင်အမြန် ထရပ်လိုက်ကာ ဦးညွှတ်လိုက်သည်။

"မင်းတို့ထနိုင်ပြီ" မိုချော ကပြန်ပြောလိုက်ရင်း တန်ချင်းရှန် နဲ့အတူ ပိုင်ရွှေရှင်း အနားသို့ လျှောက်သွားလိုက်သည်။

ဟေွ့ယင် ကိုတစ်ချက် ကြည့်လိုက်ပြီး မိုချော က ပိုင်ရွှေရှင်း ရဲ့ဘေးခုံတွင် ဝင်ထိုင်လိုက်ကာ ဟွေ့ယင် ကလည်း သူမအရင်နေရာတွင် ပြန်ထိုင်လိုက်သည်။

တန်ချင်းရှန် ကပြုံးနေရင်း လုဖန်မိန် အနားသို့ လျှောက်သွားလိုက်သည်။ ဟွေ့ယင် အရှေ့တွင် ရပ်လိုက်ပြီး တန်ချင်းရှန် ကကိုယ်ကို‌ေကွးကာ အေးစက်သည့် အသံဖြင့် ပြောလိုက်သည်။ "အသက်ထောင်ပေါင်းများစွာ ရှည်ပါစေ၊ မယ်တော်ကြီး၊ အရှင်မင်းကြီး နဲ့ မိဖုရားခေါင်ကြီး"

"ကျေးဇူးပြုပြီးထပါ၊ တန်ဂျွန်ဝမ်" ဟွေ့ယင် ကအရင်ဆုံး ပြန်ဖြေလိုက်ပြီး ပိုင်ရွှေရှင်း နဲ့ မိုချော တို့ကို ခိုးကြည့်လိုက်သည်။

လုဖန်မိန် က တုတ်ချောင်း တစ်ချောင်းလို မတ်မတ်ကြီး ရပ်နေသည့် တန်ချင်းရှန် အနားကို တိုးသွားလိုက်သည်။ တန်ချင်းရှန် က လုဖန်မိန် ကိုကြည့်လိုက်ပြီး ပြုံးပြလိုက်ကာ အရှေ့ကို ပြန်လှည့်လိုက်ပြီး ပုံမှန်အေးစက်သည့် အမူအရာဖြင့်သာ ပြန်ရပ်နေသည်။ လုဖန်မိန် ရဲ့နှုတ်ခမ်းက ကွေးသွားပြီး အရှေ့ကိုသာ တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

တန်ချင်းရှန် က မိုချော ဘက်ကိုလှည့်လိုက်ပြီး ပြောလိုက်သည်။ "အရှင်မင်းကြီး၊ ဒီစစ်သူကြီးက သမားတော်လုနဲ့ အရင်ဆုံး ထွက်သွားပါ့မယ်" ထိုစကားကို ပြောလိုက်ပြီး ခေါင်းညိတ်ပြသည့် မိုချော ကိုတစ်ချက်ကြည့်လိုက်သည်။

"သွားလေ၊ မင်းရဲ့အချိန် တော်တော်များများကို ကိုယ်တော် ယူထားမိပြီ" မိုချော ကပြောလိုက်သည်။ သူလည်း ဒီလူတွေနဲ့ ခဏလောက် စကားပြောဖို့လိုတာ‌ေကြာင့် အလုပ်နည်းနည်း ကျန်နေသေးသည့် တန်ချင်းရှန် အားသွားခွင့်ပြုလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now