6.13

2.3K 373 9
                                    

Unicode

သူအခု တွေ့မြင်နေရတဲ့ လူတွေရဲ့ မျက်နှာတေ‌ွကို ဝမ်ဇူဟေး သေချာလိုက်ကြည့်နေခဲ့သည်။ အရင်ဆုံး လုဟောင်ရွယ် ကိုရှာပြီး သူမဆီက သတင်းတချို့ ရလာဖို့လိုသည်။သူမဆီက သတင်းတွေရပြီး ပြင်ဆင်ဖို့ အချိန်ရလိမ့်မည်။

သူ့မျက်လုံးထောင့်မှ ချန်းရှုဂျင်း က ဝူ‌ေလာ့ယမ် နဲ့တခြားသူတွေနဲ့အတူ စကားပြောနေတာကို မြင်နေရသည်။ သူက သူ့ရဲ့အေးစက်တဲ့ မျက်နှာအမူအရာကို ထိန်းသိမ်းထားတာတောင် တခြားသူတွေရဲ့ အမြင်တွင် သူက ပြုံးပြီး စကာ‌းပြောနေပုံပေါ်နေသည်။ ထိုအရာအား ကြည့်ရင်း ဝမ်ဇူးဟေး သူ့နှလုံးသားထဲတွင် တင်းကြပ်သည့် ခံစားချက်နဲ့ ဆန့်ကျင်တိုက်ခိုက်‌ေနရသည်။ မကြာခင် သူပြန်မသွားသင့်သေးဘူး။ သူ့ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးဘူး၊ ဒီခံစားချက်နဲ့ သူ့အရှေ့မှာ ရပ်နေရမှာက သူ့အတွက် ပိုခက်ခဲ‌ေစသည်။

ထို့နောက် သူ့အရှေ့တွင် လူတစ်ယောက်က ရပ်လာခဲ့သည်။ ဝမ်ဇူဟေး ထိုလူအား အပြုံးလေးနဲ့ ကြည့်လိုက်ပေမဲ့ သူ့မျက်လုံးတွေက အနည်းငယ် အေးစက်နေသည်။

"မစ္စတာချီ၊ ကျွန်တော်နဲ့ ဘာကိစ္စများ ပြောစရာရှိလို့ပါလဲ?" ဝမ်ဇူဟေး ကသူ့မျက်လံုးထဲတွင် မဲမှောင်နေမှုကို ဖုံးကွယ်ထားရင်း နူးညံ့ကြင်နာသည့် အပြုံးနှင့် မေးလိုက်သည်။

"မစ္စတာဝမ်၊ မစ္စတာဝမ် ကငယ်ရွယ်ပြီး အသိဉာဏ်ကြွယ်ဝတယ်လို့ ကြားခဲ့ရတယ်။ အဲ့ဒါကြောင့် မစ္စတာဝမ်နဲ့ ကျွန်တော့်သားကို မိတ်ဆက်ပေးချင်တယ်" ဝမ်ဇူ‌ေဟး ရဲ့စကားလုံးတွေက ခံစားချက်မပါတာကို ချီဘိုင်လု သတိမထားမိပေ။

ဝမ်ဇူဟေး ကအမူအရာကို ပြောင်းလဲခြင်းမရှိပဲ ချန်းရှုဂ‌ျင်း ကိုတိုက်ခိုက်နိုင်သည့် ဟန်တာတွေက ဘယ်နေရာတွင် ရှိနေမလဲဆိုတာကို တွေးတောရင်း သူ့နှလုံးသားက ပိုပြီးအေးစက်လာခဲ့သည်။ ချီဘိုင်လု ရဲ့စကားတွေကို ကြားလိုက်ချိန်တွင် ဝမ်ဇူဟေး ဆက်သာပြုံးနေခဲ့သည်။

"မစ္စတာချီ၊ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဂျင်ဘန်းကို ပြန်သွားရမယ်။ ဒီစကားတွေအတွက် ကျေးဇူးတင်ပါတယ်၊ အရင်ဆုံး အာချင်းမှာ ရက်အနည်းငယ်တော့ အချိန်ဖြုန်းပါဦးမယ်" ထိုစကားကို ပြောလိုက်ပြီး ဝမ်ဇူဟေး ကလက်စွပ်ဆီ လက်ချောင်းတွေက ရောက်သွားပြီး သူ့မျက်လုံးထောင့်မှ လုဟောင်ရွယ် က လီယင်လွေ့ နဲ့စကားပြောနေတာကို မြင်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now