7.15

1.2K 191 2
                                    


"ချင်းရှန်" လုဖန်မိန် ကရုတ်တရက် အေးခဲသွားပြီး မော့ကြည့်လိုက်သည်။ ဂူချင်း‌ေပါ်တွင် ပြေးလွှားနေသည့် သူ့လက်တွေကလည်း တပြိုင်နက် ရပ်တန့်သွားပြီး ဉယျာဉ်ထဲရှိ ပျံ့လွှင့်နေသည့် ဂီတသံက ပျောက်ကွယ်သွားသည်။

တန်ချင်းရှန် ကနူးညံ့စွာ ပြုံးလိုက်ပြီး သူ့ရဲ့အေးစက်သည့် အမူအရာက နွေ‌းထွေးသွားကာ လုဖန်မိန် ရဲ့စားပွဲနားကို လျှောက်လာခဲ့သည်။ "အမေက မင်းကို ဂူချင်းတီးတာကို သင်ပေးထားပုံပဲ" ထိုစကားကို ပြောလိုက်ရင်း သူ့မျက်လုံးတွေက စားပွဲပေါ်တွင်ရှိနေသည့် တန်ဖိုးအကြီးဆုံး ခုနှစ်ကြိုးတူရိယာကို ကြည့်လိုက်သည်။

လုဖန်မိန် ကညင်သာစွာ ပြုံးလိုက်ပြီး သူ့လက်ချောင်းတွေက ကြိုးတွေကို တီးခတ်လိုက်သည်။ "အဒေါ်က လွန်ခဲ့တဲ့ရက်ပိုင်းကမှ သင်ပေးခဲ့တာပါ။ မင်းရုံးသွားချိန်တိုင်း ကျွန်တော် လေ့ကျင့်ခဲ့တယ်" လုဖန်မိန် ရဲ့ရှည်လျားပြီး သွယ်လျတဲ့ လက်‌ေချာင်းတွေက ကြိုးတွေကို ထိခတ်နေကာ နူးညံ့တဲ့ဂီတက ထွက်ပေါ်နေပြီး အောက်ကိုငုံ့ကြည့်နေတာကြောင့် သူ့မျက်တောင်ရှည်ကို ပိုထင်ရှားစေသည်။

တန်ချင်းရှန် ကထိုင်လိုက်ပြီး လက်ဖက်ရည်ထည့်ကာ ဂီတကို နားထောင်နေခဲ့သည်။ သံစဉ်က နူးညံ့သိမ်မွေ့နေပြီး သူ့နှလုံးသားကို အေးချမ်းစေသည်။ သံစဉ်က ရိုးရှင်းပေမဲ့ ပြင်းထန်သည့် ခံစားချက်တွေ ပါဝင်နေသည်။ တန်ချင်းရှန် ကမထိန်းချုပ်နိုင်စွာပင် ပြောလိုက်သည်။ "ငါသာ မသိခဲ့ရင် မင်းက ဂူချင်းကို အချိန်အတော်ကြာကတည်းက သင်ယူထားတာလို့ ထင်မိလိမ့်မယ်"

ထိုစကားကို ကြားလိုက်ပြီး လုဖန်မိန် ကရယ်လိုက်ကာ ဂူချင်းမှထွက်နေသည့် ဂီတသံနှင့် ရောနှောသွားပြီး သူ့လက်ချောင်းတွေကတော့ မရပ်တန့်သွားပေ။ "မဟုတ်ပါဘူး၊ ကျွန်တော်က ချင်းရှန် အမေနဲ့ မယှဉ်နိုင်ပါဘူး။ သူမဟာ လေးစားထိုက်သူ တစ်ဦးပါ"

အဝေးတွင် အစေခံအနည်းငယ်က တန်ချင်းရှန် နဲ့ လုဖန်မိန် တို့ကို စောင့်နေခဲ့ကြသည်။

တန်ချင်းရှန် ကမျက်လံုးမှိတ်ကာ ဂီတကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ လုဖန်မိန် ကပြုံးကာ ဆက်တီးနေခဲ့သည်။ မကြာခင် လှပသည့်သံစဉ်က နှေးကွေးသွားခဲ့ပြီး တန်ချင်းရှန် ကမျက်လုံးဖွင့်ကာ လုဖန်မိန် ကိုကြည့်လိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now