7.27

1.1K 193 4
                                    

Unicode

“အရှုံးပေးလိုက်!”

နန်းတော်က အဝိုင်းခံထားရသည်။ မိုရှန်း ကနန်းတော်နဲ့ ဆန့်ကျင်ပြီး သူ့ကိုယ်ပိုင်တပ်ကို အမိန့်ပေးကာ နန်းတော်ကို ဝိုင်းထားလိုက်သည်။ မိုရှန်း ကဓားကိုကိုင်ထားကာ သံချပ်ကာကို ဝတ်ထားရင်း အရှေ့ကို တိုးလာခဲ့သည်။ သူ့မျက်နှာက ပေါ့ပါးနေဆဲဖြစ်ပြီး မိုချော နဲ့ ပိုရွှေရှင်း တို့အနားရှိ တော်ဝင်အစောင့်တွေကို ဘာခံစားချက်မှမရှိပဲ ကြည့်လိုက်သည်။

အခန်းထဲတွင် နန်းတော်အရာရှိ အများအပြားက ရှိနေပြီး အကုန်လုံးက တော်ဝင်အစောင့်တွေ အနောက်တွင် ကြောက်လန့်စွာ ပုန်းနေကြရင်း မိုရှန်း နဲ့သူ့စစ်သားတွေက တိုးလာကြသည်။

“အစ်ကိုတော် လည်းကျွန်တော် ဒီရောက်နေရတဲ့ ရည်ရွယ်ချက်ကို နားလည်မယ်လို့ ယုံကြည်တယ်” မိုရှန်း ကရှေ့ဆက်မလျှောက်တော့ပဲ သူတို့ကြားတွင် အကွာအဝေးကို ခြားထားလိုက်ကာ မိုရှန်း စစ်သားတွေက ထွက်ပေါက်ကို ပိတ်လိုက်ကြသည်။ သူက မိုချော ကိုမော့ကြည့်လိုက်သည်။

မိုချော ရဲ့မျက်နှာက အတော်လေး ပျက်ယွင်းနေသည်။ အခုချိန် သူစိုးရိမ်နေမိတာက ထောင်ချောက်ထဲမှာ ရောက်နေတဲ့ ချီလုံဟိုင် ကိုပဲ။

“ကိုယ်တော်တို့ ဆက်ဆံရေးက တခြားညီအစ်ကိုတွေကြားမှာ အကောင်းဆုံးပဲ။ ဒါကြောင့်ပဲ တခြားညီအစ်ကိုတွေကို ကိုယ်တော် သတ်ပစ်ချိန်မှာ မင်းကို အသက်ရှင်ခွင့် ပြုခဲ့တာပဲ” မိုချော ကရပ်လိုက်ကာ အစောင့်တွေကြားမှ ထွက်လိုက်သည်။ သူလမ်းလျှောက်ချိန်တွင် သူ့သရဖူက လှုပ်ခါနေပြီး ပိုင်ရွှေရှင်း တောင်မျက်မှောင်ကြုတ်နေခဲ့သည်။

“ကံမကောင်းစွာပဲ၊ ကျွန်တော် ကအစ်ကိုတော်ရဲ့ ယုံကြည်မှုကို သစ္စာဖောက်ခဲ့တယ်။ ကျွန်တော်တို့ပန်းတိုင်က ကွာခြားတယ်၊ အစ်ကိုတော်။ ကျွန်တော်က အားနည်းတယ်လို့ အစ်ကိုတော်က ယုံကြည်ထားခဲ့တာပဲ။ အစ်ကိုတော်က လူတိုင်းရဲ့စိုးရိမ်မှုတွေကို လက်ခံတဲ့ပုံစံမျိုးပဲ” မိုရှန်း ကပြောလိုက်ရင်း ပြုံးလိုက်သည်။ သူ့ဓားကို မြှောက်လိုက်ရင်း ပိုင်ရွှေရှင်း ကိုဓားနဲ့ညွှန်ပြလိုက်သည်။

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now