7.25

1.1K 173 6
                                    

Unicode

တန်ချင်းရှန် ရဲ့မျက်လုံးတွေထဲတွင် လေးလံသည့် အလင်းတန်းတွေကို မြင်နေရသည်။ သူ့ဆီမှ အနက်ရောင်လေတွေက ထွက်ပေါ်နေပြီး နာကျင်မှုတွေလည်း တည်ရှိနေသည်။ တဲထဲတွင် ထိုင်နေရင်း မြေပုံကို ကြည့်နေကာ သူ့လက်တွေက စားပွဲကို ညင်သာစွာနဲ့ ခေါက်နေပြီး အသံက အဆက်မပြတ် ထွက်ပေါ်နေသည်။

သူက အတော်လေးကို တိတ်ဆိတ်နေသည်။ တန်ချင်းရှန် ရဲ့အာရုံတစ်ခုလုံးက မြေပုံပေါ်တွင်သာ ရှိနေပုံရပေမဲ့ သူအာရုံစိုက်နေတာက တခြားဖြစ်သည်။ သူ့ထက် ဘယ်သူမှ ပိုမသိနိုင်ပေ။ သူ့နှလုံးသားနဲ့ စိတ်တွေက အဝေးရှိ လူတစ်ယောက်ကိုသာ သတိရနေသည်။ ထို့ကြောင့် မြေပုံကို ကိုင်ထားသည့် လက်တွေက ပိုတင်းကြပ်သွားသည်။

သူ့နှလုံးသားထဲတွင် ဆူညံနေပြီး ဘယ်တုန်းကမှ ငြိမ်သက်သွားခြင်း မရှိပေ။ ပုန်ကန်ခြင်းက ရောက်ရှိနေတာတောင် တန်ချင်းရှန် ကအကောင်းဆုံး ကြိုးစားနေရင်း တစ်ချိန်တည်း သူ့အာရုံတွေက တခြားနေရာကို ရောက်နေသည်။

ဘာကြောင့်လဲ? သိသိသာသာကို ရှုဝေ့ယွမ် ကလည်း ပြန်ရောက်နေပြီ။ ဘာကြောင့် လုဖန်မိန် အကြောင်းကိုပဲ ဆက်တွေးမိနေရတာလဲ? သူ့အကြောင်းတွေက သူ့နှလုံးသားထဲတွင် အမြစ်တွယ်နေသလို ခံစားနေရသည်။ သူတို့ကြားတွင် တချို့အရာတွေက ပြောင်းလဲသွားတာကို တန်ချင်းရှန် သိသည်။

ရှုဝေ့ယွမ် ကိုအရင်အတိုင်း ဂရုစိုက်ပေးနေပေမဲ့ သူ့စိတ်ထဲတွင် ဘာခံစားချက်မှ ရှိမနေပေ။ နားလည်သွားချိန်တွင် တန်ချင်းရှန် ဘာလုပ်ရမှန်း မသိတော့ပေ။

သူဘယ်လို လုပ်ရတော့မလဲ? သူက လက်ထပ်ပြီးသား လူတစ်ယောက်ပဲ။ ပြောရရင် တခြားတစ်ယောက်ကို ချစ်မိသွားတာကို သူဘယ်လိုလုပ်ရမလဲ? သူ့ဘေးမှာ တစ်ချိန်လုံး ရှိနေပေးခဲ့တဲ့ ရှုဝေ့ယွမ် ကိုလည်း သူပြစ်ပယ်ထားလို့ မရဘူးဆိုတာကို တန်ချင်းရှန် သိသည်။ သို့ပေမဲ့ သူတို့ကြားက ဆက်ဆံရေးကတော့ အရင်အတိုင်း ဖြစ်မလာနိုင်တော့ပေ။ သူတို့ကြားတွင် အေးစက်မှုတွေက ရှိနေသည်။

လုဖန်မိန် ထွက်သွားပြီး တန်ချင်းရှန် ကအမှန်တရားကို တွေ့သွားပြီးနောက် သူတို့ကြားတွင် ပြင်ဆင်လို့မရနိုင်တဲ့ အရာတွေက ရှိနေတာကို တွေ့လိုက်ရသည်။ ထို့နောက် တန်ချင်းရှန် သည်သူ့ကိုယ်သူ မုန်းတီးခဲ့သည်။ သူတို့ကြားက ဆက်ဆံရေးက လောင်ကျွမ်းသွားပြီး ပြာမှုန်လေးတွေ ကျန်ရှိနေချိန်မှသာ လုဖန်မိန် ကိုချစ်နေပါတယ်လို့ သူဘယ်လို ပြောနိုင်တော့မှာလဲ?

𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳Where stories live. Discover now